3

984 179 246
                                    

Zawgyi Version

Episode 3

I can't take my eyes off you, you shine too much.
I can't stop listening to you, cuz only pretty words come from your lips.
- Closer to you by EXO SC
----------------------------------------------------------
ဖန်သားပြင်ပေါ်တွင် ဘုရားကျောင်းများ
၏ နံရံများ၊ မျက်နှာကြက်များ၏ ပုံကိုပြ
သထားသည်။ ပါမောက္ခ Jun Myeon သည် ဥရောပရှိ အလယ်ခေတ်မှ လက်ရာများအကြောင်း သင်ကြားပို့ချနေခြင်းဖြစ်သည်။ အတန်ငယ် ပျင်းဖို့ကောင်းသော ခေါင်းစဉ်ဖြစ်သော်လည်း Jun Myeon၏
စွမ်းရည်ကြောင့် အတန်းသည် စိတ်ဝင်
စားဖို့ ကောင်းနေပါသည်။ အမြဲလိုလို စိုက်ကြည့်နေ‌တတ်သော မျက်လုံးတစ်စုံ
ပင် ယနေ့တော့ ခေါင်းတညိတ်ညိတ်ဖြင့်
လိုက်နားထောင်နေပုံ ရကြောင်း တွေ့
လိုက်ရသဖြင့် Jun Myeon ကျေနပ်သွားသည်။

"နောက်နေ့မှာတော့ လက်ရာတစ်ခု အကြောင်း အသေးစိတ်ဆွေးနွေးဖို့ ရှိပါ
တယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။ ဘာများမေးစရာ ရှိသေးလဲ"

Jun Myeon သည် မေးရိုးမေးစဉ်အတိုင်းမေးလိုက်ခြင်းသာဖြစ်ပြီး အကြည့်က နောက်ဆုံးတန်းသို့ ချက်ချင်းရောက်သွားသည်။ ယနေ့တော့ လက်ထောင်သူတွေထဲ တခြားကျောင်းသားများပါ ပါလာသည်။ မျက်နှာလိုက်ခြင်းမျိုး မဟုတ်ဘဲ တခြားကျောင်းသားများ သိချင်သည်တို့ကို အရင်ဖြေပေးနေမိသည်။ အားလုံး ဖြေပေးပြီး မော့ကြည့်မိတော့ Oh Sehun
သည် စိတ်ရှည်လက်ရှည်စောင့်နေပုံရ
သော အပြုံးမျိုးဖြင့် ပြုံးပြ၏။

"ကျွန်တော့်အလှည့် ရောက်ပြီလား ဆရာ"

"ကျွန်တော်က Sehun မစောင့်နေလောက်ဘူး ထင်ထားတာ။ ဒီနေ့ကော ဘာမေးမလို့လဲ။"

အတန်းထဲတွင် ထုံးစံအတိုင်း နှစ်ယောက်
ထဲ ကျန်ခဲ့သည်။ Sehun က လက်ညိုး‌
လေး ထောင်ပြီး

"ရှူး.. ဆရာ အခု ကျွန်တော်တို့ပဲ ရှိတာလေ။"

"ဒါပေမဲ့ ဒီနေရာက ကျွန်တော်အလုပ်
လုပ်တဲ့ ကျောင်းလေ။ ကျောင်းပြင်ပမှာ
ဆိုရင်တော့ ပြောင်းပြောပါမယ်။ ကဲ မေး
လေ Sehun။ ကျွန်တော် နောက်တစ်တန်း ရှိသေးတယ်။"

သူ မြန်မြန်လောဆော် လိုက်ရသည်။ မဟုတ်လျင် စကားစ ပြတ်မည်မဟုတ်။

Certain Happiness From You [Suho x Sehun]Where stories live. Discover now