5

987 164 141
                                    

Zawgyi Version

Should I really try making a move now?
What should be the first thing l say?
- Oh La La La by EXO
_______________________________
Sehun သည် ရုံးခန်းထဲတွင် ထိုင်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အမှတ်မထင် တွေ့ခဲ့ရာမှ အစပြုသော သံယောစဉ်အတွက် ရင်လေးနေမိသည်။
ထိုလူတစ်ယောက်ကို ဤမျှ စွဲလန်းနေမိစရာ အကြောင်းမရှိပေ။ Sehun သည် မိမိ၏ဖြစ်တည်မှု၊ တိမ်းညွတ်မှုကို လက်ခံနိုင်ရန် ကြိုးစားခဲ့ရဖူးသည်။ ထိုမှနေ၍ အမျိုးသားတစ်ယောက်အပေါ် စိတ်ဝင်စားမှုရှိနေကြောင်း သိသောအခါ
တွင်လည်း မည်မျှ အတိုင်းအတာထိ စိတ်ဝင်စားသနည်းဟု မိမိကိုယ်ကို စမ်းသပ်ခဲ့ရသည်။

ယခုတော့ သူသည် ကိုကို၏ အထင်လွဲမှု
ခံရသည်နှင့် မျက်ရည်ပေါက်ပေါက်ကျ
လာသည်အထိ ခံစားနေရပြီ။ Sehun
သည် မျက်ရည်လွယ်သူတစ်ယောက် မဟုတ်ပါ။ မျက်ရည်အစား ကြိုးစားမှု
ဖြင့် ဘဝကိုရှင်သန်ခဲ့သူဖြစ်သည်။ ဂိမ်း
ဆော့ကစားရာမှ ဂိမ်းရေးဆွဲသူ ဖြစ်လာ
သည်အထိ သူများစွာ ကြိုးစားခဲ့ရသည်။
ထို လမ်းကြောင်းတစ်လျှောက်တွင် အခက်အခဲများစွာရှိသော်လည်း သူ မျက်ရည်တစ်ပေါက် မကျခဲ့ဖူးပေ။

သို့သော် ကြိုးစားမှုကို လျစ်လျူရှုခံရပြီး "နောက်နေ့အတန်းလာတက်စရာမလိုဘူး" ဟု မာမာထန်ထန်အပြောခံရသည်
ကို ရင်နင့်မတတ် ခံစားလိုက်ရခြင်းသည်
ကောင်းသော လက္ခဏာတစ်ရပ်တော့ မဟုတ်ပါပေ။ လူအများရှေ့မှာလည်း မည်သည့် ပုံရိပ်၊ပုံစံကောင်းကိုမျှ ထိန်းနိုင်ခဲ့ခြင်းမရှိဘဲ ကိုကို့နောက် မရမက
လိုက်ရှင်းပြခဲ့ခြင်းမျိုးသည် ကိုကို့အပေါ်
ထားသည့် သံယောစဉ်ကြိုး အတိမ်အနက်နှင့် တိုက်ရိုက်အချိုးကျနေ
သည်။

ကိုကိုသည် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်ပြီး ဂုဏ်သရေရှိ တက္ကသိုလ်ကြီးမှ
ပါရဂူဘွဲ့ရရှိလာသူ ဖြစ်သည်။ ထို့အပြင်
Sehun အကောင်လိုက်ပြနေသော အရိပ်အမြွက်တို့ကိုလည်း တစ်ခုမှ တုံ့ပြန်ခြင်းမရှိပေ။ (လွဲမှားစွာ ကောက်ယူသွားသော အခါများကလွဲ၍)

ကိုကို့ကို ဆက်သဘောကျနေသင့်လား။
Sehun သည် တွေးရင်း အဖြေရကြပ်လာသည်။ စိတ်ရှုပ်လာသောအခါတွင်မူ
Sehun သည် လုပ်လက်စ ပရောဂျက်
လေးကိုသာ စိတ်နှစ်ပြီး ဆက်လုပ်နေ
လိုက်တော့သည်။

Certain Happiness From You [Suho x Sehun]Tempat cerita menjadi hidup. Temukan sekarang