Zawgyi
You're not mine, I'll be yours.
- Yours by Raiden & Chanyeol
______________________________
ပါမောက္ခ Jun Myeon သည် လှေကား
လက်ရန်းတွေကို ကိုင်ရင်း အမြန်ပြေးဆင်းလာခဲ့မိသည်။ လမ်းတွင် နှုတ်ဆက်ကြသော တပည့်များကိုပင် သေချာ ပြန်မနှုတ်ဆက်နိုင်။"Sehun ခဏ"
ရှေ့မှ ခြေလှမ်းကျဲများဖြင့် လျှောက်နေသော Oh Sehun ကို မှီအောင် လိုက်ရင်း နှုတ်မှလည်း လှမ်းခေါ်လိုက်မိသည်။
Sehun ခြေလှမ်းတွေက ရပ်တံ့သွားသော်လည်း နောက်ကိုတော့ လှည့်မကြည့်ပေ။ ဒီတိုင်း ရပ်နေသည်။"Sehun"
သူ အနားရောက်တာသေချာမှ Sehun က နောက်ကို ဖျတ်ခနဲ လှည့်လာသည်။
ထိုအခါ သူ့မှာ အရှိန်လွန်ပြီး Sehun ရင်ဘတ်နှင့် မျက်နှာအပ်မိမတတ်ဖြစ်သွားရ၏။ Sehun က သူ့ပုခုံးတွေကိုကိုင်ကာ ထိန်းပေးရင်း"သတိထားမှပေါ့"
"မင်းက ဘာလို့ မြန်မြန်ကြီး လျှောက်သွားရတာလဲ"
"ဒါ ကျွန်တော့်ပုံမှန် ခြေလှမ်းတွေပဲဟာ"
Sehun မျက်နှာက ကြည်ကြည်လင်လင် မရှိ။ အဖြေဖြေတာလည်း ပေကပ်ကပ်နှင့် Jun Myeon အသည်းယားနေမိသည်။
"အေးပေါ့ မင်းက ခြေတံရှည်တာကိုး။ ပြောအားရှိတာပေါ့။"
Sehun မျက်နှာမှာ ပြုံးရိပ်ကလေးတွေ သန်းသွားသောအခါ Jun Myeon ရင်ထဲ အေးချမ်းသွားရသည်။ ဒီကောင်လေး
ဟာ ပြုံးနေရင် ဒီလောက်ချောရက်နဲ့ တခါတလေ ဘာလို့ မှုန်ကုပ်ကုပ် လုပ်နေရလဲ မသိ။"ဆရာ ကျွန်တော့်နောက် ဘာလို့လိုက်လာတာလဲ"
"ဟို မင်း မေးစရာရှိတယ်ထင်လို့လေ။ မဟုတ်ဘူးလား။ ကိုယ် ဖြေပေးဖို့ အသင့်ပါပဲ Sehun"
Sehun မျက်နှာက သိသိသာသာ ဝင်းပသွားပြီး သူ့ကို ပြုံး၍ ကြည့်လာသည်။
"ကျွန်တော် ပျော်သွားပြီ ဆရာ"
"ဒါပေါ့။ မင်းမေးချင်တာ မေးလို့ရပါတယ်။ ကိုယ့် ကျောင်းသား စိတ်ချမ်းသာရင် ကိုယ်လည်း စိတ်ချမ်းသာတယ်"
"ဆရာရယ်..."
Sehun က စိတ်ပျက်လက်ပျက် ပြောခြင်းဖြစ်သော်လည်း စကားအဆုံးမှာ ရယ်သံတွဲလျက် ပါသောကြောင့် သူလည်း လိုက်ရယ်နေမိသည်။
YOU ARE READING
Certain Happiness From You [Suho x Sehun]
FanfictionArt History Professor Kim Jun Myeon and Young CEO Oh Sehun trying to find out together what the real happiness is. Pairing - Suho x Sehun