4

834 156 162
                                    

Zawgyi Version

Isn’t this how love starts?
Maybe it’s like hanging half my heart on you.
Even though it feels like you’ll reject me, I’m gonna give it a try once more.

- Some by Bolbbalgan4
_______________________________
"မင်းတို့ စဉ်းစားကြည့်ကြကွာ အဲ့ဒါကြီးက အဓိပ္ပာယ်ရှိသလားဆိုတာ"

Jun Myeon ၏ အမေးကို သူငယ်ချင်း
များက ရယ်လိုက်ကြသည်။ အချစ်ဆုံး
သူငယ်ချင်းဖြစ်သော Minseok ကတော့ တစ်ချက်ပြုံးရင်း ဘီယာတစ်ကျိုက်သောက်လိုက်ပြီး ဘာမှတော့ ဝင်
မပြော။ Jun Myeon သည် အားမလို အားမရ ဖြစ်လာ၏။ ထိုစဉ် ကယ်တင်ရှင်
ပေါ်လာသည်။

"အဲ့ဒီတော့ မင်းဆိုလိုချင်တာက မင်းကို
ရည်ရွယ်ချက်ရှိရှိ ချည်းကပ်လာတဲ့ ‌တပည့် တစ်ယောက်ရှိပြီး အဲ့ဒါကလည်း
ကျောင်းသူမဟုတ်ဘဲ ကျောင်းသားဖြစ်နေတယ်ပေါ့ ဟုတ်လား"

သူငယ်ချင်းအဖွဲ့ထဲ အကြီးဆုံးဖြစ်သော
Dong Hae ၏ ပြောစကားကြောင့် သူ
ခေါင်းကို အဆက်မပြတ် ညိတ်လိုက်မိသည်။ တက္ကသိုလ် ပါမောက္ခ ဖြစ်စေကာမူ ဤသူငယ်ချင်းအစုအဖွဲ့ထဲတော့ Jun Myeon က အငယ်ဆုံး ဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ စုမိချိန်တွင် အစ်ကိုတွေအားလုံးကို အားကိုးတကြီး ပြောပြမိခြင်းဖြစ်သည်။

Jun Myeon သည် ယနေ့အတွက် အကြိမ် ၂၀ မြောက်အဖြစ် စာကြည့်တိုက်မှ ဖြစ်စဉ်ကို‌ ပြန်တွေးမိသွားသည်။ ခေါင်းထဲ အလိုလိုပေါ်လာသည် ဆိုပါက
ပိုမှန်မည်။

ထိုနေ့က မိုးအကြီးအကျယ် ရွာနေခဲ့သည်။ Jun Myeon သည် တာဝန်ထမ်း
ဆောင်ရမည့် တက္ကသိုလ်စာကြည့်တိုက်
ကို ပထမဆုံးအကြိမ် လေ့လာကြည့်ပြီး
သင်ရိုးညွှန်းတမ်းအတွက် စာအုပ်များ ကြည့်နေခဲ့၏။ ဆရာတစ်ယောက်၏ လုပ်ပိုင်ခွင့်ဖြင့် ရှားပါးအနုပညာမှတ်တမ်းများကို ငှားလာနိုင်ခဲ့သည်။

သို့သော် စာကြည့်တိုက်အပြင်ဘက်ရှိ ထီးထည့်ရာပုံးထဲတွင် သူ၏ ထီးအပြာနု
ရောင်မှာ နေရာတကျ ရှိမနေခဲ့ပေ။ မိုးက
လည်း ကောင်းနေဆဲ။ သူသည် လက်ထဲရှိ မှတ်တမ်းစာအုပ်များကို ရေမစိုစေဘဲ
ကားထဲ အရောက်ပို့ရန် လိုအပ်သည်။ ကားပါကင်က စာကြည့်တိုက်နှင့် နည်းနည်းလှမ်းသေး၏။

Jun Myeon သည် ကျောင်းသားတစ်
ယောက်ယောက် သို့မဟုတ် စာကြည့်တိုက် ဝန်ထမ်းကို အကူအညီတောင်းရန် စဉ်းစားလိုက်မိ၏။ အထဲပြန်
ဝင်လိုက်တော့လည်း ကျောင်းသူအများစု
သာရှိနေပြီး ဝန်ထမ်းကလည်း အလုပ်ရှုပ်နေသည်။ ပြန်ထွက်လာတော့
မျက်မှန်က ရေငွေ့ရိုက်ကာ ဝါးသွားပြန်
သည်။ စာအုပ်များမစိုစေရန် အိတ်နှင့်ပတ်ထားရသောကြောင့် လက်ကလည်း မအားသဖြင့် မျက်မှန်ကိုမချွတ်နိုင်ခဲ့ပေ။

Certain Happiness From You [Suho x Sehun]Donde viven las historias. Descúbrelo ahora