♡ Unicode ♡
"ဒီနေရာလေးက တော်တော်ပြောင်းလဲသွားတာပဲနော် အစ်ကို"
ရောင်နီဦးက ဘေးဘီဝဲယာကို ကြည့်ကာ ပြောလိုက်သည်။ဒီပန်းခြံလေးကို မရောက်တာ သုံးနှစ်လောက်ပဲ ရှိသေးတယ်။ပန်းခြံဆိုတာက လွဲရင် ဘာတစ်ခုမှမတူတော့ အရင်ကထက်လည်း ပိုကျယ်လာသည်။
"ရောင်နီ ပျော်ရဲ့လား"
"အင်း"
ချစ်သူဖြစ်သည့် အထိမ်းအမှတ်အနေနဲ့ အမှတ်တရတချို့ရှိသော ပန်းခြံလေးဆီသို့ လာခဲ့ကြသည်။
ဒီပန်းခြံထဲမှာ ရောင်နီဦးရဲ့ အချစ်တွေကို ဝန်ခံခဲ့သည်လေ။ပြန်တွေးမိရင်တောင် မျက်နှာပူသလိုပဲ။
"အစ်ကို ဟိုခုံလေးမှာ သွားထိုင်ချင်တယ်"
စုံတွဲများထိုင်တတ်သည့် အဖြူရောင်ထိုင်ခုံလေးကို လက်ညိုးထိုးတော့ သုတမာန်ကလည်း မဆိုင်းမတွပင် ဝှီးချဲလေးအား ဦးတည်လိုက်သည်။
ထို့နောက် ရောင်နီဦးအား တွဲကူကာ ခုံပေါ်ထိုင်စေပြီး သူကလည်း ဘေးမှဝင်ထိုင်လိုက်သည်။
"ရောင်နီ အကြာကြီးမနေရဘူးနော် လေအရမ်းတိုက်တယ် ဖျားမယ်ကြားလား"
"ဟုတ်"
အဖြေကြောင့် သုတမာန်က သဘောကျသွားသည်ထင် ရောင်နီဦးခေါင်းလေးအား ပုတ်သည်။
"အစ်ကို ကျနော့်ကို ဘယ်တုန်းက စချစ်တာလဲဟင်"
သိချင်မိသည့် မေးခွန်းကိုမေးတော့ သုတမာန်က သေချာစဉ်းစားနေပုံရသည်။အဖြေချက်ချင်းမလာ။သူ ကိုယ်တိုင်ရော တွေးဖူးရဲ့လားမသိ။
"ကိုယ်မသိဘူး"
"အစ်ကိုကလည်း ဒါလေးတောင် သေချာမမှတ်ထားဘူး"
ရောင်နီဦးက နှုတ်ခမ်းလေးဆူကာ ပြောလိုက်သည်။
"ဟို...ကိုယ်က အဲ့လိုပြောတာမဟုတ်ဘူးလေ။ကိုယ်သိတဲ့အချိန်မှာ ရောင်နီ့ကို အရမ်းချစ်နေပြီ။မျက်နှာလေး မမြင်ရတောင် မနေနိုင်တော့ဘူး။အစကတော့ အနေနီးပြီး ရောင်နီက သဘောကောင်းလွန်းတော့ ခင်မိတာလို့ပဲ ထင်တာ။ရောင်နီနဲ့ ခွဲရတော့မှ ရောင်နီ့ကို ချစ်မိနေမှန်း သဘောပေါက်တာ။"
YOU ARE READING
လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )
Acakကိုယ့်အပြစ်တွေပဲမို့ မင်းအချစ်တွေကို ရယူဖို့ရန် စိတ်ကူးမယဉ်ရဲခဲ့ပါ။ သုတမာန် ကျနော် နောက်တစ်ကြိမ် မိုက်ရူးရဲ မဆန်ချင်တော့ဘူး။ ရောင်နီဦး