🌳 Unicode 🌳
အပွင့်ပွင့်ခြင်း မရှိသေးသော ကျူးလစ်ပင်တို့အား ကြည့်ရင်း နိစ္စဓူဝအတိုင်း ရောင်နီဦး မျက်ရည်ဝဲရပြန်သည်။
ပန်းလေးတွေကလည်း သုတမာန်ကို မျှော်နေရှာတယ် ထင်ပါရဲ့။အပွင့်တို့ တစ်ပွင့်တစ်လေတောင် မပွင့်သေးပေ။
သူပြန်လာမှ ပွင့်လည်း ကောင်းပါတယ်။
ပန်းတွေပွင့်ပြီး သူမရှိရင် ဘယ်လိုပြည့်စုံပါ့မလဲ။ဖူးပွင့်လာမယ့် သုံးရောင်စပ် ကျူးလစ်ပွင့်တို့အား မြင်ချင်သလို ချစ်သူကိုလည်း လွမ်းလှပါသည်။
မာန် ရော ဘာတွေလုပ်နေမလဲဟင်။
မာန် ဆိုသည့် နာမည်လေးကို ခေါ်ချင်ခဲ့တာကြာလှပါပြီ။ကျောင်းတုန်းတည်းက ထိုနာမည်လေးမှာ မိမိရင်ထဲစွဲနေခဲ့သည် မဟုတ်ပါလား။
လေပြင်းတချက် ဝှေ့တိုင်း ပန်းရနံ့တို့ကို တဝကြီးရူရှိုက်တတ်သော အလေ့အကျင့်ရှိသည့် အစ်ကို့ကို မြင်ယောင်နေတုန်း။
ကျနော့်ရင်ထဲက စကားတွေကို လေညှင်းလေးက သယ်ဆောင်ပေးရင် သိပ်ကောင်းမှာပဲ။ဒါဆို အစ်ကိုလည်း ထိုလေပြေကို ရူရှိုက်ရင်း ကျနော်လွမ်းနေကြောင်းကို သိမှာပေါ့။
ရောက်တတ်ရာရာတို့အား တွေးရင်း ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်မိသည်။အစ်ကို့ကို လွမ်းလွန်းလို့ ကျနော်လည်း ရူးပြီထင်ပ။
ခန္ဓာကိုယ်က မကျန်းမာတဲ့အပြင် စိတ်ပါမကျန်းမာတော့ရင် အစ်ကို ကျနော့်ကို ချစ်ဦးမှာလားဟင်။
"အစ်ကိုလေး...အစ်ကိုလေး"
"အစ်ကိုလေးရေလို့ အစ်ကိုလေးရဲ့လူဆီက ဖုန်းလာတယ်"
အတွေးတို့၌ နစ်မြောနေတာကြောင့် မကြားတစ်ချက် ကြားတစ်ချက်ဖြင့် သေချာနားထောင်မိသည်။
အစ်ကိုလေးရဲ့လူ ဆိုပြီး ကြားလိုက်တာကြောင့် ထိုနေရာ၍သာ မလှုပ်မယှက်နေနေမိသည်။
နားကြားများ မှားတာလား ဒါမှမဟုတ် တကယ်ပဲ ကြားလိုက်တာလား။
ထပ်ပြီး ကံကြမ္မာက ကျနော့်ကို မကျီစယ်ပါစေနဲ့။အစ်ကို့အပေါ် ကျနော့်အချစ်တွေက ကျီစယ်ခြင်း တစ်စက်မှ မပါဝင်ခဲ့ရိုး အမှန်ပင်။
YOU ARE READING
လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )
Randomကိုယ့်အပြစ်တွေပဲမို့ မင်းအချစ်တွေကို ရယူဖို့ရန် စိတ်ကူးမယဉ်ရဲခဲ့ပါ။ သုတမာန် ကျနော် နောက်တစ်ကြိမ် မိုက်ရူးရဲ မဆန်ချင်တော့ဘူး။ ရောင်နီဦး