║ Unicode ║
တစ်လကျော်ကြာပြီးတဲ့နောက်မှာ စိမ်းစိုလှတဲ့ ခြံလေးရှေ့ သုတမာန် ပြန်လည်ခြေချနိုင်ခဲ့ပြီ။ကံကောင်းစွာဖြင့် ဆေးပြတ်တာနဲ့ ချက်ချင်းပြန်လာနိုင်ခဲ့တာ။ထောင်တွေ အချုပ်တွေလည်း မကျခဲ့။ဒါကလည်း ရောင်နီဦးရဲ့ အင်အားတွေ ပါမယ်ဆိုတာ သူရိပ်မိပါတယ်။
ဆယ်မိနစ်လောက် လမ်းလျှောက်ရသော ခြံဝန်းကို ဖြတ်ကျော်ကာ လမ်းတစ်ဝက်လောက်ေရာက်တော့ အိမ်တံခါးဝမှာ ဝှီးချဲလေးဖြင့် ငူငူလေးထိုင်နေသော ကောင်လေးကို တွေ့ရသည်။မျက်နှာလေးက ညိုးနေပြီးနောက် ပန်းပင်တို့အား ငေးမောနေသည်။
ဘာတွေများဖြစ်နေပြန်သလဲ ကောင်လေး...
ကိုယ် လွမ်းလိုက်ရတာ။
"ရောင်နီ"
နာမည်ကို အော်ခေါ်ကာ လက်ကို ဝှေ့ယမ်းပြလိုက်တော့ ကိုယ့်ကို မြင်သွားပြီး မျက်နှာလေးပြုံးသွားသည်။
ကိုယ့်ဆီလာမှာ စိုးတာမို့ သူ့ဆီ အမြန်ပြေးသွားရပြန်သည်။
"ရောင်နီ"
"အစ်ကို ပြန်တောင်လာပြီလား။ရွှေစင်ပြောတော့ညနေမှဆို။ကျနော်က ကားလွှတ်ပြီးကြိုခိုင်းမလို့"
"ရောင်နီ အံ့ဩသွားအောင်ပါ"
အပြုံးတို့က မရပ်တန့်နိုင်ကြတော့ပါ။ကြည်နူးရိပ်တို့ တတိတိ တိုးဝင်လာပြီး နှစ်ယောက်သား အကြည့်မလွှဲနိုင်အောင် ဖြစ်နေခဲ့ကြသည်။
"ရောင်နီ ပိန်သွားတယ်နော်။နေမကောင်းလို့လား"
"ကျွန်မတို့လည်း မသိပါဘူး အစ်ကိုရယ်။အစ်ကို သွားတည်းက ထမင်းကို ဟုတ်တိပတ်တိ မစားတော့တာ"
အိမ်ပြင်ထွက်လာသော ရွှေစင်သွန်းက ဝင်ပြောတော့သည်။သုတမာန် ရောင်နီဦးကို ကြည့်မိတော့ မျက်နှာလေးက စတော်ဘယ်ရီရောင် သန်းနေပြန်သည်။
"ဟို...အစ်ကို ဒီနေ့ ကျနော်တို့နဲ့ ထမင်းတူတူလာစားနော်။အိမ်က လူတွေ အားလုံးတူတူစားကြမှာ။မြတ်မင်းရော မိအေးရော ပါတယ်။"
"ကိုယ်မစားတော့ဘူး ရောင်နီ။ကိုယ် အခုအရမ်းပင်ပန်းလာလို့ သွားနားတော့မယ်။ရောင်နီတို့ပဲစားကြပါ"
YOU ARE READING
လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )
Randomကိုယ့်အပြစ်တွေပဲမို့ မင်းအချစ်တွေကို ရယူဖို့ရန် စိတ်ကူးမယဉ်ရဲခဲ့ပါ။ သုတမာန် ကျနော် နောက်တစ်ကြိမ် မိုက်ရူးရဲ မဆန်ချင်တော့ဘူး။ ရောင်နီဦး