[ Zawgyi ]
"ဒီကောင်လေးက ဘယ်သူလဲ"
သူငယ်ချင်းများ၏ လက်ထဲ၌ မေ့မျောကာ ပါလာသော ကောင်လေးတစ်ယောက်ကြောင့် သုတမာန် မေးကြည့်လိုက်သည်။
သူငယ်ချင်းဆိုပေမယ့် ဒီည၌သာတွေ့ပြီး မနက်ဖြန်ပြန်တွေ့ချင်မှ တွေ့တော့မည့် လူများပင်။တစ်မျိုးဆိုသော် ဆေးချဖော်ဆေးချဖက်များ။
"မသိဘူး ငါတို့ဆေးချနေတဲ့အခန်းရှေ့မှာ ယောင်လည်လည်နဲ့ တွေ့လို့ မယုံတာနဲ့ခေါ်လာတာ"
တွဲခေါ်လာသည့် လူနှစ်ယောက်အနက်မှ တစ်ယောက်က ပြန်ပြောသည်။
သုတမာန်က သူ့ရဲ့ဖြူရော်နေသည့် မျက်နှာ တစ်ချက် ပွတ်သပ်လိုက်ပြီး အကောင်သေးနုပ်လှသည့် သကောင့်သားအား ကြည့်လိုက်သည်။
ခပ်မိုက်မိုက် ရှပ်အင်္ကျီလက်ရှည် အညိုအား ကြယ်သီးပြည့်တပ်ထားကာ လက်ကြယ်သီးများကိုပင် တပ်ထားသေးသည်။ စတိုင်ပန်အမည်းနဲ့တွဲဝတ်ထားပြီး နားတစ်ဖက်တွင်လည်း ငွေရောင်နားဆွဲတစ်ခုအား ဆွဲထားသေးသည်။
ဆံပင်တို့အားလည်း ဂျယ်ဖြင့် သေသပ်စွာ ပုံသွင်းထားသည်။သေချာတယ် ဒီကောင်လေးက သူတို့လိုတော့ မဖြစ်နိုင်။
အိပ်ပျော်နေသည်ထင်သော်လည်း မျက်လုံးတို့က ပွင့်ရုံပွင့်နေတာကြောင့် သုတမာန်နှင့် အကြည့်ချင်းဆုံသွားသေးသည်။
"ထားလိုက်ပါကွာ ပုံစံက အူတူတူပါ ပြသနာမရှိလောက်ပါဘူး"
သုတမာန် ပြန်ခေါ်သွားရန် လက်ကိုခါပြကာ ဆေးရူသည့်ပိုက်အား ဆက်ရူနေသည်။
"မင်းကလည်းကွာ ရတုန်းလေးကို ဒီညတော့ ပျော်ကြတာပေါ့။အလှလေးကွ မဟုတ်ရင် ဘယ်ခေါ်လာပါ့မလဲ"
ထိုလူများက ကောင်လေးကို ကြမ်းပြင်ပေါ် ပတ်လတ်ပုံစံနေရာချလိုက်သည်။သုတမာန်ကတော့ သူတို့အကြောင်း သိသည်မို့ ခေါင်းတခါခါ။
"သူက ဘာဖြစ်နေတာလဲ"
"ဟိုကောင်ပေါ့။ငါထိုးမယ့် ဆေးကို သူ့ဆီ ထိုးချလိုက်တာ။တုန်းခနဲ လဲသွားတော့တာပဲ"
ဒါကြောင့် သတိရှိပြီး မလှုပ်နိုင်ဖြစ်နေတာကိုး။မိန်းမောနေပုံရသည်။

YOU ARE READING
လမိုက်ညရဲ့ ရောင်နီ( လမိုကျညရဲ့ ရောင်နီ )
Randomကိုယ့်အပြစ်တွေပဲမို့ မင်းအချစ်တွေကို ရယူဖို့ရန် စိတ်ကူးမယဉ်ရဲခဲ့ပါ။ သုတမာန် ကျနော် နောက်တစ်ကြိမ် မိုက်ရူးရဲ မဆန်ချင်တော့ဘူး။ ရောင်နီဦး