✿ Unicode ✿
"ဟိုဖက်နားမှာလည်းရှိသေးတယ် မိအေးရဲ့။သွားကောက်ဦး"
သုတမာန်သည် အသံစာစာကြားရာဘက်သို့ ခြေလှမ်းစလှမ်းလိုက်သည်။မီးဖိုချောင်က ဘေစင်ရေပိတ်နေလို့ ပြင်နေတုန်း ကိုယ်တော်လေးက မနက်စာစားပြီး ဘယ်ပျောက်သွားမှန်းမသိ။
ခုတော့ တွေ့ပါပြီ။မိအေးကို လက်ညှိုးထိုးပြီး ဘာတွေခိုင်းနေပြန်ပြီလဲမသိ။
"ရောင်နီ ဘာတွေလုပ်နေတာလဲ"
ပေါင်ပေါ်တွင် ဇကာအပြာလေးကို တင်ထားကာ ခရေပန်းလေးတို့က ဇကာတစ်ဝက်နီးနီး ရနေပြီ။
"အစ်ကို လာတာနဲ့ အတော်ပဲ။ကျနော့်ကို ခရေပန်း တက်ခူးပေးနော်။အပွင့်တွေ အများကြီးပဲ"
"ရောင်နီရဲ့ ခရေပန်းက ကြွေကျတာလေးမှ ပိုလှတာကွ။တက်ခူးရင် အဖူးအငုံတွေနဲ့ မလှတော့ဘူးလေ။သေချာလေး ပွင့်ပြီး ကြွေကျမှ ပိုလှတာပေါ့။မနွမ်းခင် အစ်ကိုကုန်အောင် ကောက်ပေးမယ် ဟုတ်ပြီလား"
ရှင်းပြတော့လည်း ခေါင်းလေးညိတ်ကာ နားထောင်ပြန်ပါသည်။ထို့နောက် ဇကာလေးထဲမှ ခရေပန်းတို့ကို လက်ခုပ်လေးဖြင့် ယူကာ နှာခေါင်းနားကပ်လိုက်ပြီး
"မွှေးနေတာပဲ ကျနော်ရော ရွှေစင်ရော ခရေပန်းအရမ်းကြိုက်တာ အခုလည်း သူ့အတွက် သီပေးဖို့။သူ အပြင်သွားရင် ပန်ရအောင်လေ။မိအေးလည်း ဈေးသွားရင် ပန်သွားလို့ရတာပဲ"
အစကတော့ ဒီလိုစကားမျိုးကြားလျှင် သုတမာန်နာကျင်ရပေမယ့် နောက်ပိုင်းတော့ သိလာတယ်။ရောင်နီဦးက တကယ့်အဖြူထည်လေးပါ။
ရွှေစင်သွန်းနဲ့ မိအေးအပေါ် ညီမအရင်းလေးတွေလို သဘောထားပြီး တစ်ခုမဟုတ်တစ်ခု တတ်နိုင်သလောက် လုပ်ပေးတတ်သည်။"ကိုယ်လည်း ကူပေးမယ်လေ"
"ဟုတ် ဒီနားမှာပဲ သီကြမယ်နော်။အရိပ်လည်းရတယ်"
မိအေးကို ပြန်လွှတ်လိုက်ပြီး သုတမာန်က သိမ်းထားသည့်ဖျာလေးအား သွားယူကာ နှစ်ယောက်သား ခရေပန်းသီကြသည်။
"အစ်ကိုသိလား ခရေပန်းအနံ့ကလေ ကျန်းမာရေးကို အထောက်အကူပြုတယ်တဲ့။ညဘက် ခရေပန်းနံ့လေးရှုပြီး အိပ်ရင်လေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး အိပ်ယာနိုးလာရင်လည်း အားအင်အပြည့်ဖြစ်စေတယ်တဲ့"
![](https://img.wattpad.com/cover/251343939-288-k983686.jpg)
YOU ARE READING
လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )
Randomကိုယ့်အပြစ်တွေပဲမို့ မင်းအချစ်တွေကို ရယူဖို့ရန် စိတ်ကူးမယဉ်ရဲခဲ့ပါ။ သုတမာန် ကျနော် နောက်တစ်ကြိမ် မိုက်ရူးရဲ မဆန်ချင်တော့ဘူး။ ရောင်နီဦး