║ Unicode ║
"တော်ပါတော့...ရပ်ပေးကြပါတော့...ကျနော် အရမ်းနာလို့ပါ"
အိပ်မက်ဆိုးနဲ့အတူ နိုးထလာသည့် ရောင်နီဦးတစ်ယောက် တစ်ကိုယ်လုံး ချွေးတို့ရွဲနစ်နေသည်။
မကြာခဏဆိုသလို ပြန်ပေါ်လာသည့် ကြေကွဲဖွယ်ရာ အတိတ်တချို့။
"အစ်ကိုလေး ဘာဖြစ်တာလဲ...တစ်ခုခုဖြစ်လို့လား"
အိမ်၌ သူ၏ အကူလို ဖြစ်နေသည့် မြတ်မင်းက ပြေးဝင်လာကာ မေးသည်။သူ့လို လူတစ်ယောက်က အနားမှာ တစ်စုံတစ်ယောက်တော့ အမြဲကပ်ပါနေရသည်။
"ငါ အိပ်မက်ဆိုး မက်လို့ပါ။ဘာမှမဖြစ်ဘူး ရတယ်။ငါ့ကို ရေချိူးခန်းခေါ်သွားပေး"
မျက်နှာသစ်ရန် ရေချိုးခန်းသို့ သွားဖို့အရေး မြတ်မင်းက သူ့အား အိပ်ရာပေါ်မှတွဲကာ ဝှီးချဲပေါ်တင်ပေးရသည်။
တပြေးညီ လုပ်ထားသော အိပ်ခန်းကြမ်းပြင်မှတစ်ဆင့် ရေချိုးခန်းထဲသို့ ဝင်ရောက်ပြီး မနက်ခင်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို လုပ်ဆောင်လိုက်သည်။
"မနေ့က ငါခေါ်လာတဲ့လူရော သတိရပြီလား"
"သူလည်း ညက အသံကျယ်ကြီး ထအော်သေးတယ်။ပြီးတော့ ပြန်အိပ်ပျော်သွားတယ် ပြောတာပဲ။အစ်ကိုလေး သေချာသိချင်ရင် သူ့ကို စောင့်ကြည့်ခိုင်းထားတဲ့ လူတွေကို သွားမေးပေးမယ်လေ"
"ရတယ် ငါမနက်စာစားပြီးရင် သွားကြည့်မှာမို့လို့ သွားရင် သူ့အတွက်ပါ မနက်စာယူခဲ့လိုက်။သူ သတိရလာရင် တစ်ခါတည်း စားလို့ရအောင်"
မြတ်မင်းက နာခံကာ ထမင်းစားပြီးနောက် သုတမာန် အခန်းသို့ လာခဲ့ကြသည်။
ရောင်နီဦး၏ အခန်းနှင့် သုတမာန်ကို ထားသောအခန်းက အိမ်အောက်ထပ်၏ မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်တွင်ရှိသည်။
အခန်းရှေ့တွင် အစောင့်နှစ်ယောက်ထားထားသည်။သုတမာန် သတိရလျှင် ချက်ချင်းသိနိုင်အောင်ရယ် ထွက်ပြေးမှာစိုးလို့ရယ်။အကယ်၍များ ထွက်ပြေးခဲ့ရင် လင်းရောင်စဉ်လက်က လွတ်မှာမဟုတ်။ထို့ကြောင့် စောင့်ကြည့်ခိုင်းထားရသည်။သူတို့ကိုလည်း လင်းရောင်စဉ်ဆီက ခေါ်တာပင်။

YOU ARE READING
လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )
Randomကိုယ့်အပြစ်တွေပဲမို့ မင်းအချစ်တွေကို ရယူဖို့ရန် စိတ်ကူးမယဉ်ရဲခဲ့ပါ။ သုတမာန် ကျနော် နောက်တစ်ကြိမ် မိုက်ရူးရဲ မဆန်ချင်တော့ဘူး။ ရောင်နီဦး