Unicode
သဲတို့ရေ! လမိုက်ညရဲ့ ရောင်နီလေး ဇာတ်သိမ်းသွားခဲ့ပါပြီနော်။
ဇာတ်သိမ်းမှာ ထည့်ရေးထားတာတွေကလေ piggy စိတ်ကူးသပ်သပ်ပါ။အပြင်မှာ အဲ့လိုအကြောင်းအရာတွေ ရှိချင်မှ ရှိမှာမို့ သည်းခံဖတ်ရှုပေးကြပါနော်။
ပြောချင်တာလေးတွေ များလို့ စာ နည်းနည်းရှည်ပါ့မယ်နော်။
ပထမဆုံး ပြောပြချင်တာက ဒီ ficဟာ sad ending လုံးဝ လုံးဝ မဟုတ်ပါဘူး။ဖတ်သူရဲ့ စိတ်နဲ့ပဲ ဆိုင်ပါတယ်။
နောက်တစ်ခုက ဒီficကို စရေးထဲက အပိုင်းတိုမယ်လို့ ပြောခဲ့ပါတယ်။အစက ရေးဖို့စိတ်ကူးမရှိခဲ့ပါဘူး။တောင်းဆိုသူတစ်ယောက်နှစ်ယောက်ရှိခဲ့လို့ ၊ ကိုယ်တိုင်ကလည်း ရေးချင်ခဲ့လို့ပါ။
နောက်တစ်ချက်ကတော့ Piggy အနေနဲ့ စာရေးတဲ့နေရာမှာ ပါရမီမပါတာလား။အရည်အသွေးညံ့သေးတာလား မသိပါဘူး။Piggyရဲ့ ficလေးတွေကို သိပ်မကြိုက်ကြဘူးလို့ ထင်ပါတယ်။
အစကတော့ ကျောင်းတော်မှ လူဆိုးလေးကို တော်တော်များများ ကြိုက်တယ်ပြောကြလို့ ပျော်ခဲ့ပေမယ့် ကြိုက်တဲ့လူ သိပ်မများခဲ့ပါဘူး။
Piggyက ဘာလို့ကြိုက်ကြရဲ့သားနဲ့ fbတွေ recommend တွေ မရှိရတာလဲလို့ တွေးမိဖူးသည်။နောက်တော့ အကြောင်းပြချက်ကို သေသေချာချာသိလိုက်ရပါတယ်။Piggy တစ်ခါတစ်လေ ကျောင်းတော်မှ လူဆိုးလေးကို 18+ရေးခဲ့မိတာကို နောင်တရမိတယ်။
Reviewရေးတဲ့ ပို့စ်တစ်ခုအောက်မှာ သွားမန့်မိတော့ Sex to forceမို့ မရေးပေးနိုင်ဘူးလို့ ပြောတာခံခဲ့တယ်။Piggy တော်တော် စိတ်မကောင်းဖြစ်မိတယ်။ဘာလို့ဆို piggyက ဒါဒါတွေကို review ရေးပေးဖို့ ပူဆာခဲ့ဖူးလို့ပဲ။သူတို့အဆင်ပြေပါ့မလား မတွေးဘဲ piggy ပူဆာခဲ့တာ။ပြန်တွေးကြည့်ရင် တော်တော်အားနာရပါတယ်။
အခု လမိုက်ညရဲ့ရောင်နီကိုကျတော့ Piggy အတတ်နိုင်ဆုံး mature တွေ မပါအောင် ကြိုးစားပေးပါတယ်။ရလာဒ်က ဘယ်လိုလဲဆိုတော့ viewerတွေ ထိုးကျသွားတယ်။ကျောင်းတော်မှ လူဆိုးလေးနဲ့ ယှဥ်ရင် တော်တော်ကွာသွားသလိုပါပဲ။ဒါကလည်း piggyရဲ့ အရေးအသားမကောင်းလို့လို့ပဲ မှတ်ယူပါတယ်။ဆိုတော့ကာ piggy စာရေးတာကို ခဏနားပါမယ်။အရေးအသားအတွက် ကြိုးစားလေ့လာချင်လို့ပါ။

YOU ARE READING
လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )
Acakကိုယ့်အပြစ်တွေပဲမို့ မင်းအချစ်တွေကို ရယူဖို့ရန် စိတ်ကူးမယဉ်ရဲခဲ့ပါ။ သုတမာန် ကျနော် နောက်တစ်ကြိမ် မိုက်ရူးရဲ မဆန်ချင်တော့ဘူး။ ရောင်နီဦး