Episode - 4

1.7K 257 14
                                    

Unicode

"ရောင်နီ...ကိုယ့်ကို ဘာလို့ ကယ်ခဲ့တာလဲဟင်"

ပန်းတို့အား အပြုံးပန်းဆင်လျက် ကြည့်နေသော ကောင်လေးက မျက်နှာလေးတည်သွားသည်။မျက်နှာတင်းသွားတာမျိုး မဟုတ်ဘဲ နူးနူးညံ့ညံ့ပုံစံလေးက မပျောက်ကွယ်ပါ။

"လူတစ်ယောက်ရဲ့အသက်ဆိုတာက ကယ်ကောင်းတယ်လေ အစ်ကိုရဲ့။အစ်ကို့နေရာမှာ တခြားလူဆိုလည်း ကျနော်ကယ်မှာပါ"

ထို့နောက် ပန်းတို့ဆီသာ မျက်နှာမူသွားပြန်သည်။ကိုယ်ကတော့ နေကြာပန်းလေးလိုပဲ။နေအဆင်းလို ကောင်လေးကို အမြဲမျက်နှာမူဖို့ ကြိုးစားနေတတ်သည်။

ဒီအိမ်မှာ နေလာတာ သုံးလရှိပြီ။
အိမ်အကြောင်းလည်း စုံစုံလင်လင် သိနေပြီ။
ထို့အပြင် ရောင်နီဦးနှင့် ရွှေစင်သွန်းတို့ အိမ်ထောင်ရေးအကြောင်းလည်း အရိပ်အကဲဖမ်းမိသည်။

မနက်တိုင်း အိမ်အပေါ်ထပ်မှ ဆင်းလာတတ်သော ရွှေစင်သွန်းနှင့် ကျန်းမာရေးကြောင့် အိမ်အောက်ထပ်၌သာ နေရသော ရောင်နီဦး။

ဒီအကြောင်းကို ရိပ်မိတော့ သုတမာန်ရင်ထဲ ဝမ်းသာလုံး စို့တယ်လို့ပဲ ပြောရမလား။အသားတွေတုန်ကာ အိပ်မက်များလား ဟုတောင် ထင်မိသည်။

သူထင်တာ အမှန်ဆိုရင် ရောင်နီဦးကို လွတ်လွတ်လပ်လပ်ချစ်နိုင်ပြီလေ။အရင်လို ရှောင်ဖယ်စရာမလိုပဲ နီးနီးကပ်ကပ်နေနိုင်ပါပြီ။

"အစ်ကို မနက်ဖြန် ကျနော် သူငယ်ချင်းအိမ်သွားလည်မှာ။အစ်ကိုလိုက်ခဲ့နော်။မြတ်မင်းတို့ မောင်နှမက နယ်က ဆွေမျိုးဆီပြန်မယ်တဲ့။ရွှေစင်ကလည်း သူ့အဖွဲ့နဲ့ ရှမ်းပြည်တဲ့။ကျနော်တို့ နှစ်ယောက်တည်း ကျန်ခဲ့မှာ...ဟိုနှစ်ယောက်ဆီ သွားရင် ပျော်ဖို့ကောင်းမှာ"

"အင်း အစ်ကိုလိုက်ခဲ့မယ်လေ"

ထို့နောက် တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

သူတို့ အခုထိုင်နေသည့်နေရာက ခြံကြီးရဲ့ သစ်ပင်ပန်းမန်တွေ ကြားမှ မြေနေရာငယ်လေး‌တွင် ဖြစ်သည်။ကြိမ်ဖြာလေးခင်းပြီး ညနေခင်းရဲ့ လေရူးကို စီးမျောနေကြသည်။

လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )Where stories live. Discover now