''2''

14K 1.7K 59
                                    

" ဝမ်ရီပေါ် မင်း ဘာလိုချင်တာလဲ?? ဘာရည်ရွယ်ချက်နဲ့ ငါ့ကိုဒီအထဲကိုဆွဲခေါ်ခဲ့တာလဲ ''

ရှောင်ကျန့် သူ့ရှေ့က သူ့ကိုမထီမဲ့မမြင်ကြည့်နေတဲ့လူကို စိတ်မရှည်စွာမေးလိုက်တယ် ။ သူ့ရေးထားတဲ့စာအုပ်ထဲက ဇာတ်ကောင်ကအသိဝင်လာပြီး သူ့ကိုဒီနေရာကိုခေါ်လာလိမ့်မယ်လို့ နည်းနည်းလေးတောင်မှမတွေးမိဖူးဘူး ။ အခုတော့သူ့မှာ သူရေးထားတဲ့ဇာတ်လမ်းကြီးထဲပိတ်မိနေရတဲ့အဖြစ် ။ အတွေးနဲ့တင်သေလောက်အောင်စိတ်ပျက်ဖို့ကောင်းတာကြောင့် ရှောင်ကျန့်က ဝမ်ရီပေါ်ကိုအမုန့်ကြိတ်ပစ်ချင်နေပြီဖြစ်တယ် ။

" ဘာလိုချင်လဲဆိုရင်တော့ ခင်များကိုလိုချင်တယ် ။ ရည်ရွယ်ချက်ကတော့မရှိဘူး ။ ခင်များကို ကျွန်တော့်အနားမှာ အမြဲတမ်းမြင်တွေ့ချင်နေလို့ ''

" ........ ''

" ကျွန်တော်က ခင်များ​ကြောင့်ဖြစ်ပေါ်လာတဲ့တည်ရှိမှု့ဆိုတော့ ကျွန်တော်နဲ့ပတ်သတ်ပြီး ခင်များမှာတာဝန်အပြည့်အဝရှိတယ်နော် ။ ကျွန်တော့်ကို ခင်များစောင့်ရှောက်ပေးသင့်တယ် ''

".........''

" ရှောင်ကျန့် ဒီနေရာက ခင်များရေးထားတဲ့ဇာတ်လမ်းဖြစ်ပေမဲ့လည်း အားလုံးက သူ့ဟာနဲ့သူရှိနေကြတာမို့ ကမ္ဘာအစစ်တစ်ခုလို့တောင်ဆိုလို့ရတယ် ။ ခင်များ လုံးဝထွက်သွားနိုင်မှာမဟုတ်ဘူး ။ ဒါကြောင့်ပြန်ဖို့စိတ်ကူးနေတဲ့ခင်များအတွေးတွေစွန့်ပစ်ပြီး နေသားကျအောင်လုပ်သင့်တယ် ။ အနာဂါတ်မှာ ခင်များလုံးဝစိတ်မကူးထားတာတွေလည်း တွေ့နိုင်သေးတာမို့ အခုကတည်းကစိတ်ကိုပြင်ဆင်ထားသင့်တယ် ''

".........''

ရှောင်ကျန့် ဝမ်ရီပေါ်ရဲ့စကားတွေကြားပြီးတဲ့နောက်မှာတော့ လုံးဝကိုစိတ်ဓာတ်ကျသွားတယ် ။ သူ အခုအချိန်အထိဒါတွေကိုလက်မခံနိုင်သေးချေ ။ သူ့ကိုယ်သူ အိမ်မက်မက်နေတယ်လို့ပဲ လိမ်ညာထားတယ် ။ သူ့နေရာမှာအခြားတစ်ယောက်ဆိုရင်လည်း ဒီအတိုင်းပဲဖြစ်နေမှာ ။ သူက သူရဲ့ကမ္ဘာကိုလုံးဝမပြန်နိုင်ဘူးဆိုတဲ့သဘောပေါ့ ။ ဒီလိုအန္တာရယ်များနဲ့နေရာကြီးမှာ သူတကယ်ရှင်သန်ရတော့မှာ ။ အား!! ဘယ်လိုဝဋ်ကြွေးရှိလို့ အခုလိုအရာတွေက သူ့ဆီမှာမှလာဖြစ်နေရတာလဲ ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now