''18''

7.1K 1K 30
                                    

ရှောင်ကျန့်က သူ့ရှေ့က နတ်သမီးလေးလိုလှပတဲ့ အမျိုးသမီးဇာတ်ကောင်ကိုကြည့်ပြီး သက်ပြင်ခိုးချလိုက်တယ် ။ ဒီမိန်းကလေးဇာတ်ကောင်က သူဖန်တီးခဲ့တဲ့ ဝမ်ရီပေါ်ရဲ့ထောင်ပေါင်းများစွာထဲမှာ ပါဝင်နေတဲ့ဇနီးတစ်ယောက် ။ သူမရဲ့ကာရိုက်တာက ဝမ်ရီပေါ်ကို နတ်ဘုရားတစ်ပါးလိုကိုးကွယ်နေတဲ့ အချစ်ရူးရူးနေတဲ့ မိန်းကလေးကာရိုက်တာပုံစံမျိုး ။ သူမက ဝမ်ရီပေါ်ကလွဲရင် ကျန်တဲ့ယောက်ျားတွေကို အထင်သေးတယ် ။

ကျင်းမုယွမ်ဆိုတဲ့ အမျိုးသမီးလေးက ဝမ်ရီပေါ်တစ်ယောက်တည်းအတွက်ပဲ နူးညံ့လှပပေးတဲ့ ဇာတ်ကောင်တစ်ကောင် ။ သူမရဲ့နှလုံးသားက ကျန်တဲ့အချိန်ဆိုရင် ကျောက်တုံးလိုမာကျောနေပြီး ဝမ်ရီပေါ်ရှေ့ရောက်ရင်တော့ နူးညံ့တဲ့နှင်းပွင့်လေးလိုပြောင်းလဲသွားတယ် ။ ဒီမိန်းကလေးရဲ့ ဝမ်ရီပေါ်အပေါ်မှာရှိတဲ့ ချစ်ခြင်းတရားတွေက ဖော်ပြလို့တောင်မရ ။

ရှောင်ကျန့်က ဖြစ်နိုင်မယ်ဆိုရင် အတိတ်ကိုပြန်သွားပြီး သူ့ကိုယ်သူ နပန်းကျင်းပစ်လိုက်ချင်တယ် ။ ဘယ်လိုစိတ်ကူးနဲ့များ ကျင်းမုယွမ်ကို အဲ့ဒီလိုပုံဖော်ခဲ့ရတာလဲလို့ပေါ့ ။ ကျင်းမုယွမ်က ဝမ်ရီပေါ်ကိုချစ်လွန်းလို့ ဝမ်ရီပေါ်မှာ အခြားမိန်းမတွေရှိနေတာတောင်မှ ပြုံးပြုံးလေးနဲ့လက်ခံပေးခဲ့လူလေ ။ သူမက ဝမ်ရီပေါ်မျက်နှာတစ်ခုတည်းကိုပဲကြည့်တယ် ။ အာ!! သူတော့ အချစ်ရူးနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ထပ်တိုက်တွေ့ပြီပဲ ။ သေသာသေချင်လိုက်တော့တယ် ။

ရှောင်ကျန့်က ဝမ်ရီပေါ်ကို အချစ်တွေပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေတဲ့ ကျင်းမုယွမ်ကြောင့် မအီမသာဖြစ်လာရတော့တယ် ။ ယင်ကောင်ကိုမျိုချမိလိုက်သလို အန်ထုတ်ပစ်ချင်လာတယ် ။ ကျင်းမုယွမ်က သူ့ကိုကြည့်လာတဲ့အခါမှာတော့ ကယောင်ကတန်းနဲ့မတ်တပ်ရပ်မိသွားတယ် ။ ဝမ်ရီပေါ်ကို ကြည့်တဲ့အကြည့်နဲ့ သူ့ကိုကြည့်လာတဲ့အကြည့်က လုံးဝကိုကွာတယ် ။

" ငါ.... ငါနေရတာသိပ်မကာင်းလို့ အခန်းထဲပြန်တော့မယ် ။ ''

ရှောင်ကျန့်က အ​ကြောင်းပြချက်တစ်ခုပေးလိုက်ပြီး ဒီနေရာကထွက်သွားဖို့ အမြန်ဆုံးပြင်လိုက်တယ် ။ ဒါပေမဲ့ဝမ်ရီပေါ်က သူ့ရဲ့ခါးတွေကိုဆွဲယူပြီး ပေါင်ပေါ်ထိုင်ချစေလိုက်တယ် ။ ရှောင်ကျန့်က နေရခက်လွန်းလို့ ဇက်ကလေးပုသွားတယ် ။ ဝမ်ရီပေါ်ကတော့ ဝမ်ရီပေါ်ပါပဲ ။ ဘယ်တော့မှအရှက်မရှိဘူး ။

The protagonist rebel against the writer [ Completed ] Où les histoires vivent. Découvrez maintenant