ရှောင်ကျန့်က သူ့ကိုဖက်ပြီးသူရဲ့ဘေးမှာ အိပ်စက်နေတဲ့ဝမ်ရီပေါ်ကြောင့် မျက်လုံးတွေပြူးကျယ်သွားတော့တယ် ။ အဆိုးဆုံးကတော့ ဝမ်ရီပေါ်က တုံးလုံးဖြစ်နေတာပဲ ။ ဘာ...ဘာတွေဖြစ်သွားတာလဲ ။ ရှောင်ကျန့်က တံတွေးတွေအဆက်မပြတ်မျိုချမိတယ် ။ သူမူးပြီး ဝမ်ရီပေါ်ကို တစ်ခုခုလုပ်မိသွားတာလား ။ သူ... သူ ဝမ်ရီပေါ်ကို အနိုင်ကျင့်မိသွားတာလား ။ အဲ့ဒီအချိန်မှာပဲ ဝမ်ရီပေါ်ရဲ့မျက်လုံးတွေက ပွင့်လာတယ် ။
" အစောကြီးနိုးနေတာလား? "
ဝမ်ရီပေါ်က သူ့ရဲ့နဖူးကိုနမ်းကာ စကားတွေဆိုလာတယ် ။ ရှောင်ကျန့်က ဘာတွေဖြစ်နေမှန်း နားမလည်နိုင်သေးဘူး ။
" ကိုယ်.... ကိုယ် မင်းကို တစ်ခုခုလုပ်မိခဲ့တာလား? "
".........''
" ကိုယ် မင်းကို အနိုင်ကျင့်လိုက်သေးလား ''
" ရှောင်ကျန့် ခင်... ခင်များ ဘာမှမမှတ်မိဘူးလား? "
" အင်း ''
ဝမ်ရီပေါ်ရဲ့မျက်နှာက ချက်ခြင်းမည်းတက်သွားတယ် ။ ဝမ်ရီပေါ်က သူ့ကို ဝမ်းနည်းမှုသန်းနေတဲ့ မျက်လုံးတွေနဲ့ကြည့်ကာ ထွက်သွားဖို့ပြင်တော့တယ် ။ ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့အပြုအမူကြောင့် ရူးချင်ချင်ဖြစ်လာတယ် ။ ဝမ်ရီပေါ်က စိတ်ဆိုးသွားတာလား? ။ သူဘာမှမမှတ်မိလို့ စိတ်မကောင်းဖြစ်သွားတာလား? ။ ရှောင်ကျန့်က သူ့ကို စကားမပြောတဲ့ဝမ်ရီပေါ်ကြောင့် နေရတာအဆင်မပြေတော့ပေ ။
" ရီပေါ်? "
".........''
ဝမ်ရီပေါ်က ကုတင်ပေါ်ကနေဆင်းသွားပြီး ကြမ်းပြင်ပေါ်ကအဝတ်တွေကို လိုက်ကောက်နေတယ် ။ ရှောင်ကျန့်ရဲ့မျက်နှာက သူမြင်လိုက်ရတဲ့ ဝမ်ရီပေါ်ရဲ့ထောင်နေတဲ့အရာကြီးကြောင့် ချက်ခြင်းရဲတက်သွားတော့တယ် ။ သူ.... သူတောင် အဲ့လောက်မရှိဘူး ။ ခဏအကြာမှာတော့ရှောင်ကျန့်က တစ်ခုခုကိုသတိထားမိတယ် ။ အစင်းရာတွေ!! ဝမ်ရီပေါ်ရဲ့ကျောပြင်မှာ ကြောက်ဖို့ကောင်းတဲ့အစင်းရာကြီးတွေရှိနေတယ် ။ ဒါ... ဒါတွေက သူလုပ်ခဲ့တာလား ။
" ဝမ်ရီပေါ် အခုချက်ခြင်း ကိုယ့်စီလာစမ်း! "
ဝမ်ရီပေါ်က ကျောက်ရုပ်လိုသာရပ်နေတယ် ။ ရှောင်ကျန့်က စိတ်မရှည်တော့တာမို့ ကုတင်ပေါ်ကဆင်းပြီး ဝမ်ရီပေါ်ရဲ့အနားကိုသွားဖို့ပြင်လိုက်တယ် ။ ခြေထောက်တွေကို ကြမ်းပြင်ပေါ်ချလိုက်တာနဲ့ အောင့်ကနည်းဖြစ်သွားတဲ့ ခန္ဓာကိုယ်ကြောင့် ပုံရပ်လေးလဲကျသွားတယ် ။ သူ... သူက ဘာလို့နာနေရတာလဲ? ။
VOCÊ ESTÁ LENDO
The protagonist rebel against the writer [ Completed ]
FanficStart Date - 1 Jan 2021 End Date - 14 May 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode]