နောက်ဆုံးလေလံပစ္စည်းက ရှေးဟောင်းမှော်သားရဲအနွယ်ဝင် မြွေနဂါးတစ်ကောင်ရဲ့အမြုတေ ဆိုတာကြေညာပြီးတဲ့နောက်မှာတော့ မျိုးနွယ်စုကြီးငါးစုက အကြီးအကဲတွေက ဈေးအပြိုင်ပေးကာ လေလံဝင်ဆွဲကြတော့တယ် ။ ကျန်တဲ့သာမန်လူလတ်တန်းစားတွေနဲ့ ခြေသလုံးကျင့်ကြံသူတွေကျတော့ ငေးကြည့်နေရုံပဲတက်နိုင်ခဲ့တယ် ။ တကယ်လို့သူ့တို့မှာ အဲ့ဒီပစ္စည်းကို ဝယ်နိုင်တဲ့ငွေပမာဏ ရှိနေတယ်ဆိုရင်တောင်မှ ဝယ်ရဲကြမှာမဟုတ်ဘူး ။
ဘာလို့လဲဆိုတော့ သူတို့တွေလို အားနည်းတဲ့လူတွေက အဲ့ဒီပစ္စည်းကိုပိုင်ဆိုင်သွားခဲ့ရင် အနောက်ကနေလိုက်ပြီး အသတ်ခံရမယ်ဆိုတာတွေးကြည့်စရာပင်မလို ။ သူတို့မှာ သူတို့ကိုကာကွယ်ပေးနိုင်မဲ့ အဖွဲ့အစည်းမှမရှိတာ ။ အားလုံးက ကိုယ့်အသက်ကိုချစ်ကြတာပဲ ။ ဘာလုပ်ဖို့အလကားအသေခံမှာလဲ ။ မြွေနဂါးအမြုတေက သူတို့ရဲ့အသက်တွေထက်တော့ တန်ဖိုးမရှိပါဘူး ။
ရှောင်ကျန့်ရဲ့မျက်လုံးတွေက ဈေးအပြိုင်ပေးနေတဲ့လူတွေကိုကြည့်ပြီး ကြယ်လေးတွေလို တလတ်လတ်တောက်ပလို့နေတယ် ။ သူ သူဌေးဖြစ်ပြီမဟုတ်လား? ။ ဝမ်ရီပေါ်ထက်ချမ်းသာအောင် သူကြိုးစားရမယ် ။ ပြီးရင်ငွေနဲ့ပြန်ပစ်ပေါက်ပစ်မယ် ။ အဲ့ဒီဝမ်ရီပေါ်က ငွေရှိတယ်ဆိုပြီး သူ့ကိုကြွားနေတာကို တော်တော်အမြင်ကပ်နေပြီ ။
" ရှောင်ကျန့် ''
" အင်း ''
" သဘောကျလား? "
" ကျတယ် ''
" ဘာကို သဘောကျတာလဲ? "
" ပိုက်ဆံတွေလေ ။ မင်း ငါ့ကိုမေးတာ ပိုက်ဆံကိစ္စမဟုတ်ဘူးလား? "
".........''
" မင်းမေးတာ အဲ့တာမဟုတ်ပဲ တခြားဟာလား? "
ရှောင်ကျန့်က သူ့ကိုစိုက်ကြည့်ပြီး မျက်နှာအနားတဖြည်းဖြည်းကပ်လာတဲ့ ဝမ်ရီပေါ်ကြောင့် တံတွေးမျိုးချမိတယ် ။
" ဘာ... ဘာလုပ်ဖို့.. ကပ်လာတာလဲ ''
" ဘာလုပ်မယ်ထင်လဲ ''
ဝမ်ရီပေါ်က ပြူးကျယ်နေတဲ့မျက်လုံးတွေကို သူ့ကိုကြည့်ပြီး ထစ်ထစ်အအမေးလာတဲ့ ရှောင်ကျန့်ကြောင့် ညစ်ကျယ်ကျယ်ပြုံးကာ ပေါင်သားတွေကိုဆုပ်ကိုင်လို့ နားဖျားလေးကိုကိုက်ဆွဲလိုက်တယ် ။ ရှောင်ကျန့်က ကြက်သီးတဖြန်းဖြန်းထလာပြီး မကောင်းဆိုးဝါးနဲ့တွေ့လိုက်ရသလိုတုန့်ပြန်လိုက်တယ် ။ ဒီဝမ်ရီပေါ်က နှာဘူးကောင်အကြီးစားကြီးပဲ ။
ČTEŠ
The protagonist rebel against the writer [ Completed ]
FanfikceStart Date - 1 Jan 2021 End Date - 14 May 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode]