ကျောင်းတော်အတွင်းအနိုင်ကျင့်မှု့တွေဆိုတာက အမြဲဖြစ်နေကျအရာတွေဖြစ်ပြီး ဆရာတွေကလည်း အဲ့ဒီအရာတွေကိုဂရုမစိုက်ချေ ။ အဲ့တာကြောင့်မို့ အသစ်ဝင်လာတဲ့အပြင်စည်းတပည့်တွေက အနိုင်ကျင့်ဗိုလ်ကျတက်တဲ့ အတွင်းစည်းတပည့်တွေရဲ့ရိုက်နှက်တာကိုခံရနေတာက ပုံမှန်ဖြစ်နေကျအရာလို့တောင်ပြောလို့ရတယ် ။ စီနီယာတွေက ဂျူနီယာတွေကို အနိုင်ကျင့်တာမျိုးလိုပေါ့ ။
အသစ်ဝင်လာတဲ့ကျောင်းသားတွေက ကျောင်သားဟောင်းတွေဖြစ်တဲ့ အတွင်းစည်းတပည့်တွေကို အနိုင်ယူခဲ့တာမျိုးလည်းမရှိတဲ့အတွက် အမြဲဖိနှိပ်ခံနေကြရတယ် ။ ဒါပေမဲ့စိတ်မကောင်းစရာက ဒီတစ်ခါသူတို့ရန်သွားစလိုက်တဲ့လူက ဝမ်ရီပေါ်ဖြစ်နေခဲ့တာပဲ ။ ရှောင်ကျန့်ကပျင်းရိစွာသက်ပြင်းချလိုက်ပြီး ခေါင်းရမ်းလိုက်တယ် ။ ဟူး! အရိုက်ခံရတော့မှာပဲ ။
" မင်းမှာနားမပါဘူးလား! ငါ မင်းကိုမေးနေတယ်လေ ။ မင်းက ဝမ်ရီပေါ်လားလို့ ''
" နေ့လည်စာစားချိန်တောင်ရောက်နေပြီပဲ ။ ရှောင်ကျန့် ခင်များဗိုက်ဆာနေပြီမလား? "
"..........'' လျစ်လျူရှုခံလိုက်ရသော အတွင်းစည်းတပည့်များ ။
ဝမ်ရီပေါ်က ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ရှောင်ကျန့်ကို လက်ကောက်ဝတ်ကနေဆွဲကိုင်ပြီး ခေါ်လာလိုက်တယ် ။ ပွဲကြည့်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေတဲ့ ရှောင်ကျန့်ရဲ့စိတ်လေးကတော့ ချက်ခြင်းညှိုးကျသွားတော့တယ် ။ ဝမ်ရီပေါ်က ဘာလို့ရန်မဖြစ်ရတာလဲ ။ သူက ကြည့်ချင်လို့ပါဆိုနေမှ ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့စိတ်ထဲကအတွေးတွေကို သိနေတဲ့အလား....
" ကျွန်တော်တို့ဒီကိုရောက်တာ တစ်ရက်တောင်မပြည့်သေးဘူးလေ ။ ရန်ဖြစ်လို့မဖြစ်သေးဘူး ။ မဟုတ်ရင်လူတွေက သတိထားမိသွားလိမ့်မယ် ။ ကျွန်တော်တို့ ဒီကိုလာခဲ့တဲ့ရည်ရွယ်ချက်ကို မေ့သွားပြီလား ။ ''
ရှောင်ကျန့်က ခေါင်းငြိမ့်ပြီးလက်ခံလိုက်တယ် ။ ဝမ်ရီပေါ်ပြောတာမှန်တယ် ။ ဒါဆိုရင်လည်း နောက်တစ်ကြိမ်မှကြည့်တာပေါ့ ။ ဝမ်ရီပေါ်က ရှောင်ကျန့်နဲ့အတူ အဝေးကိုထွက်သွားဖို့ပြင်နေတုန်းမှာပဲ အနောက်ကနေထွက်ပေါ်လာတဲ့ စကားသံကြောင့် ခြေလှမ်းတွေကို တိကနည်းရပ်ပစ်လိုက်တယ် ။
VOUS LISEZ
The protagonist rebel against the writer [ Completed ]
FanfictionStart Date - 1 Jan 2021 End Date - 14 May 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode]