''9''

8.3K 1.2K 35
                                    

ဝေ့ရုံယီက သူနေပြန်ကောင်းလာတာနဲ့ သူ့စီကနေထွက်သွားဖို့ပြင်နေတဲ့ ကူမင်းယွီဆိုတဲ့ သူ့ဆရာဖြစ်သူကို အကျယ်ချုပ်ချုပ်ထားပစ်တယ် ။ ကူမင်းယွီက နောက်ပိုင်းသူတော်စင်ဖြစ်တာမို့ ဘုရင်အဆင့်ဖြစ်နေတဲ့ ဝေ့ရုံယီကိုမနိုင်ပေ ။

" ဘာလို့ကျွန်တော်ကို ထားသွားချင်တာလဲ ''

"..........''

" ဆရာ ကျွန်တော်ကိုချစ်တာ ကျွန်တော်သိတယ် ။ ကျွန်တော့်ကို ဂရုစိုက်တာလည်း ကျွန်တော်သိတယ် ''

" မင်းက တစ်ကိုယ်ကောင်းဆန်တယ် ။ ငါ့အတွက် ဘယ်တော့မှမတွေးပေးဘူး ။ မင်းလုပ်ချင်တာပဲလုပ်တယ် ။ အရင်ကရော အခုရော နည်းနည်းလေးမှ မပြောင်းလဲဘူး ။ အခုလည်း ငါ့ကိုချုပ်ထားပြန်ပြီ ''

ဝေ့ရုံယီက ကူမင်ယွီစကားကြောင့် မျက်နာပျက်သွားတယ် ။ ကူမင်ယီကဘာကိုဆိုချင်လဲဆိုတာ သူသိတယ် ။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ကူမင်ယွီကို ဆေးခတ်ပြီးသိမ်းပိုက်ခဲ့တယ်လေ ။ ကူမင်ယွီက သူ့ကိုသေလောက်အောင်ဒေါ်သထွက်ခဲ့ပေမဲ့လည်း ဘာမှမတက်နိုင်ခဲ့ဘူး ။ သူရဲ့ဖိအားပေးအကြပ်ကိုင်မှု့တွေကြောင့် သူနဲ့အတူ သူ့အိမ်တော်ကိုလိုက်လာခဲ့တယ် ။ကူမင်ယွီက သူ့ထက် သိုင်းပညာအဆင့်မြင့်တာကြောင့် သူ့စီကနေထွက်ပြေးသွားမှာကို သိပ်ကြောက်ခဲ့တယ် ။ အဲ့တာကြောင့် ကူမင်ယွီအတင်းတားနေတဲ့ကြားကနေ တားမြစ်သိုင်းပညာကို ခိုးကျင့်ခဲတယ် ။

မထင်မှတ်ပဲ အဲ့ဒီသိုင်းပညာက သူ့ရဲ့မီးလျံခန္ဒာကိုယ်ကို လှုံဆော်သလိုဖြစ်သွားပြီး သူ့ကိုနေမကောင်းဖြစ်နေခဲ့တယ် ။ အဲ့ဒီအချိန်ကျတော့မှ ကူမင်ယွီကလည်း သူလိုပဲ သူ့ကိုချစ်တယ်ဆိုတာသိခဲ့ရတာ ။ သူ့ကိုသေဆုံးမသွားအောင် ညတိုင်းခန္ဓာချင်းဆက်သွယ်တဲ့နည်းကိုအသုံးပြုပြီး သူ့ကိုယ်ထဲကိုယန်စွမ်းအားတွေ ပို့ပေးနေခဲ့တယ် ။ သူပြန်ကောင်းလာတဲ့အချိန်ကျတော့ ထားသွားဖို့လုပ်နေပြီ ။

အကြောင်းပြချက်ကတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သိသွားကြလို့ပဲဖြစ်တယ် ။ သူထွက်မသွားဖို့ပြောနေပေမဲ့ နားမထောင်တာကြောင့် ပိတ်လှောင်ထားဖို့ဆုံးဖြတ်လိုက်တာ ။ အခုအချိန်မှာသူက ကူမင်ယွီထက် သိုင်းပညာတစ်ဆင့်မြင့်တယ်လေ ။

The protagonist rebel against the writer [ Completed ] Donde viven las historias. Descúbrelo ahora