ရှောင်ကျန့် သူ့လက်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ထားတဲ့ ဝမ်ရီပေါ်ကြောင့်ကူကယ်ရာမဲ့သလိုခံစားလိုက်ရတယ် ။ သူဘယ်မှမသွားပဲငြိမ်ငြိမ်နေပါမယ်လို့ပြောနေတာတောင်မှ ဝမ်ရီပေါ်မယုံကြည်တဲ့အလား ။ သူ့ရဲ့တောင်းဆိုမှု့ကြောင့်စိတ်ဝိညာဉ်နယ်မြေထဲပြန်မထည့်ခဲ့ပေမဲ့ မျက်လုံးတောက်ထောက်ကြည့်နေတယ် ။ ဒီဇာတ်လိုက်ရဲ့စိတ်နေသဘောထားကအရမ်းထူးဆန်းတာပဲ ။
သူတို့အခုရောက်နေတဲ့နေရာက ဝူယွဲ့မြို့တော်ဖြစ်တယ် ။ သူ့ရေးထားတဲ့ဇာတ်ကြောင်းအတိုင်းဆိုရင်တော့ ဝမ်ရီပေါ်က ဒီမြို့ကိုရောက်လာပြီးမကြာခင်မှာပဲ ဒီမြို့ရဲ့အင်အားကြီးမိသားစုထဲကတစ်စုဖြစ်တဲ့ ရှန်မိသားစုနဲ့ပြသာနာတက်ခဲ့ကြတယ် ။ ရှန်မိသားစုရဲ့ဒုတိသခင်လေးက ဝမ်ရီပေါ်ရဲ့အနားမှာပါလာတဲ့ မိန်းမလှလေးကိုမြင်ပြီး သဘောကျရာမှရန်ပွဲတစ်ခုစတင်တယ် ။ ဝမ်ရီပေါ်က ဇာတ်လိုက်ဆိုတဲ့အရှိန်အဝါနဲ့အညီ သူရဲ့ရန်သူတွေလိုခွေးတစ်ကောင်လိုမျိုးရိုက်နှက်ပြီး အထိနာစေခဲ့တယ် ။
ရှန်မိသားစုက အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးမကျေမနပ်ဖြစ်ကာ ဝမ်ရီပေါ်ကိုအငြိုးထားပြီးလုပ်ကြံဖို့ကြိုးစားလာတယ် ။ ဒါပေမဲ့ဝမ်ရီပေါ်ဆိုတာဘယ်သူလဲ?? ဇာတ်လိုက်မဟုတ်ပါသလား!! သူ့မှာမိုးကောင်းကင်ကတောင်မနာလိုစေတဲ့အထိ ကံကောင်းခြင်းတွေအများကြီးစုပြုံနေတာလေ ။ ရှန်မိသားစုက ဝမ်ရီပေါ်ကိုအထိနာအောင် ဘယ်လိုလုပ်လုပ်နိုင်မှာလဲ ။ သူတို့ဘက်ကတောင်မှ အများကြီးဆုံးရှုံးနစ်နာခဲ့ရသေးတယ် ။
ဒီမြို့မှာရှန်မိသားစုအပြင် နောက်ထပ်အင်အားကြီးတဲ့မိသားစုကြီးလေးစုလည်းရှိနေသေးတယ် ။ အဲ့ဒီမိသားစုကြီးထဲကမှ ကျင်းမိသားစုကတော့ ရှန်မိသားစုနဲ့မကြာခဏ တိုက်ခိုက်လေ့ရှိတယ် ။ ဝမ်ရီပေါ်က ရှန်မိသားစုကိုဖျက်စီးဖို့အတွက် ကျင်းမိသားစုနဲ့ပူပေါင်းမယ်ဆိုတာကို လုံးဝသံသယဝင်စရာမလို ။ ကျင်းမိသားစုရဲ့သခင်ကြီးက ဝမ်ရီပေါ်ရဲ့အရည်အချင်းတွေကိုသဘောကျပြီး သူ့ရဲ့တစ်ဦးတည်းသောသမီးလေးနဲ့ သဘောတူတယ် ။
အဲ့ဒီမိန်းကလေးကလည်း ဝမ်ရီပေါ်မှာတစ်ခြားမိန်းကလေးရှိနေတယ်ဆိုတာသိထားတာတောင်မှ ငြင်းဆန်ခြင်းမပြုခဲ့ ။ ဝမ်ရီပေါ်ကလည်း သူမကိုသဘောကျတဲ့အတွက် ကျင်းမိသားစုသခင်ကြီးရဲ့တောင်းဆိုမှုကိုလက်ခံခဲ့တယ် ။ ဒီမြို့မှာကျင်းမိသားစုရဲ့အရှိန်အဝါကို ဘယ်မိသားစုကမှမယှဉ်နိုင်တော့တဲ့အချိန်ကြမှ ဝမ်ရီပေါ်က သူဘေးကချောမောလှပတဲ့နတ်ဘုရားမနှစ်ပါးနဲ့အတူ တခြားဒေသကိုထွက်ခွာခဲ့တယ် ။ ရှောင်ကျန့်က အဲ့ဒီလိုရေးထားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ ဇာတ်ကြောင်းကလုံးဝပြောင်းလဲသွားပြီဖြစ်တယ် ။
VOCÊ ESTÁ LENDO
The protagonist rebel against the writer [ Completed ]
FanficStart Date - 1 Jan 2021 End Date - 14 May 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode]