''22''

6.6K 989 20
                                    

လင်းဟောက်က မုကျစ်ဖန်ကို ဘာတွေဖြစ်နေတာလဲဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်တယ် ။ မုကျစ်ဖန်က သူ့ကိုအရေးမလုပ်ပဲ စိတ်ရှုပ်နေတဲ့ပုံနဲ့ထိုင်နေတယ် ။ နာရီဝက်လောက်ကြာပြီးတဲ့နောက်မှာတော့ သူ့ကို ဘာလုပ်ဖို့ရောက်လာတာလဲဆိုပြီး မေးလာတော့တယ် ။ လင်းဟောက်က ဝိညာဉ်စွမ်းအင်ကျောက်တုံးတစ်ချို့ကို မုကျစ်ဖန်ကိုပေးလိုက်တယ် ။ မုကျစ်ဖန်က အံသြသွားတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်လို့ ထစ်အစွာစကားဆိုလာတော့တယ် ။

" ဒီ... ဒီဟာတွေကို မင်းဘယ်ကရလာတာလဲ? "

" လူငယ်လေးတစ်ယောက်စီက ဝယ်လာခဲ့တာ ''

" လူငယ်လေး? "

" အင်း ။ ငါ ဝူယွဲ့မြို့ကိုသွားတုန်းက ထူးဆန်းတဲ့လူငယ်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ် ။ အဲ့ဒီလူငယ်လေးစီမှာရှိနေတဲ့ ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေက သာမန်ဝိညာဉ်စွမ်းတွေကျောက်တုံးတွေနဲ့ကွာခြားနေတယ် ။ အဲ့ဒီဟာတွေက အလယ်အဆင့် ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေဖြစ်ပေမဲ့ စွမ်းအင်သိပ်သည်းမှုတွေက တစ်ချို့ပထမတန်းစား ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေနဲ့တောင် ယှဉ်လို့ရတယ် ။ ငါတွေ့ဖူးတဲ့ပထမတန်းစား ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေလိုမျိုးပဲ ''

မုကျစ်ဖန်က လင်းဟောက်ပြောပြလာတဲ့ အကြောင်းအရာတွေကို နားထောင်ပြီးသွားတဲ့နောက်မှာတော့ လောဘတွေကြီးလာတယ် ။ သူက အဲ့ဒီလူငယ်လေးကိုဖမ်းစီးပြီး အဲ့ဒီလူငယ်လေးစီမှာရှိသမျှ ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို လုယူချင်လာတယ် ။ အဲ့ဒီလူငယ်လေးစီမှာ ပထမတန်းစား ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေရှိနေမယ်ဆိုရင်ရော? ။ အဲ့ဒီအရာတွေက သူ့ကို အခုထက်ပိုပြီးအင်အားကြီးလာစေလိမ့်မယ် ။

" အဲ့ဒီလူငယ်လေးရဲ့နောက်ခံကဘာလဲ? "

" ငါစုံစမ်းလို့မရခဲ့ဘူး ။ အဲ့ဒီလူငယ်လေးက သူ့ရဲ့အဖော်နဲ့အတူ ​လေလိုမျိုးပျောက်သွားခဲ့တာ ။ ငါဘယ်နားမှာမှ သူ့ကိုရှာလို့မတွေ့ဘူး ။ ''

လင်းဟောက်က မုကျစ်ဖန်ရဲ့စကားကြောင့် သက်ပြင်းချကာ ဆိုလိုက်တယ် ။ အဲ့ဒီလူငယ်ရဲ့အကြောင်းကိုစုံစမ်းခဲ့ပေမဲ့ နာမည်လေးတောင်မသိခဲ့ရဘူးလေ ။ မုကျစ်ဖန်ကတော့ လင်းဟောက်ရဲ့စကားတွေကြောင့် စိတ်ပျက်သွားတော့တယ် ။ ရှာလို့တောင်မတွေ့တော့ဘူးဆိုတော့ သူက ဘာဆက်လုပ်လို့ရတော့မှာလဲ ။

The protagonist rebel against the writer [ Completed ] Donde viven las historias. Descúbrelo ahora