ရှောင်ကျန့်အိပ်ပျော်သွားတဲ့အချိန်မှာတော့ ဝမ်ရီပေါ်ရဲ့မျက်လုံးတွေက ပြန်ပွင့်လာခဲ့တယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ကိုငေးကြည့်လို့နေပြီ နှုတ်ခမ်းပါးတွေကိုပွတ်သတ်နေတယ် ။ အဲ့ဒီနောက်မှာတော့ ခရမ်းရောင်သလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ ဖန်ပုလင်းလေးကို သူရဲ့စိတ်စွမ်းအင်နယ်မြေထဲက ထုတ်ယူလိုက်ပြီး....
" ကျွန်တော် ခင်များကို ဒီတစ်ကြိမ်တော့ ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူး ။ ခင်များကို ချည်နှောင်ထားဖို့လိုအပ်တယ် ။ အခုဆိုရင် ခင်များက ကျွန်တော့်ရဲ့ထိန်းချုပ်မှုအောက်မှာ ။ ခင်များရဲ့မှတ်ညဏ်တွေပြန်ရလာရင်တောင်မှ ကျွန်တော့်ကိုထားသွားလို့မရတော့ဘူး ။ ဒီတစ်ကြိမ်တော့ ကျွန်တော်ကပဲ ခင်များကိုကာကွယ်ပေးပါရစေ ။ ခင်များ အနစ်နာခံဖို့မလိုတော့ဘူး ။ ကျွန်တော်က ခင်များကိုကာကွယ်ပေးတော့မှာ ။ ''
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့နှုတ်ခမ်းတွေကိုပွင့်ဟစေပြီး ဖန်ပုလင်းလေးထဲက ရွှေရောင်ဆေးရည်တွေကို အကုန်မျိုချစေလိုက်တယ် ။ ရှောင်ကျန့်ရဲ့မျက်ခုံးလေးတွေက တွန့်ချိုးသွားပြီး ငြင်းဆန်ချင်နေပေမဲ့ ဝမ်ရီပေါ်ကလက်မခံခဲ့ ။ အားသုံးပြီး အတင်းမျိုချစေတယ် ။ ရှောင်ကျန့်ရဲ့ကိုယ်ထဲကနေ အနီရောင်စွမ်းအင်တွေက အပြင်ဘက်ကိုထွက်လာပြီး ရွှေရောင်ဆေးရည်နဲ့အာနိသင်တွေကို ဖျက်စီးလာတော့တယ် ။
" ရှောင်ကျန့်ရာ ဘာလို့ကျွန်တော့်ကို အတင်းပုန်ကန်နေရတာလဲ? ။ ကျစ်! မရဘူး! ခင်များ ဒီဆေးရည်ကိုမျိုကိုမျိုချရမယ် ။ ခင်များမှာ ငြင်းဆန်ပိုင်ခွင့်မရှိဘူး ။ ''
ဝမ်ရီပေါ်ရဲမျက်လုံးတွေက အနီရောင်ပြောင်းသွားခဲ့ပြီး နဖူးမှာလည်း ဓားပုံစံအမှတ်သေးသေးလေးတစ်ခုပေါ်လာခဲ့တယ် ။ ခဏကြာတော့ ဝမ်ရီပေါ်ရဲ့ဘေးပတ်ပတ်လည်မှာ အနီနဲ့အနက်ရောစပ်ထားတဲ့ အငွေ့တွေထွက်ပေါ်လာပြီး အဲ့ဒီအငွေ့တွေက ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်ထဲ အတင်းတိုးဝင်သွားကြတယ် ။
" အာ့! ဟင့်အင်း! တော်...တော်ပါတော အ့ ''
ရှောင်ကျန့်ကနာကျင်စွာရေရွတ်လာပေမဲ့ မျက်လုံးတွေကတော့မှိတ်ထားဆဲပဲ ။ ဝမ်ရီပေါ်က ရှောင်ကျန့်ကိုမြတ်နိုးစွာကြည့်နေပြီး သူရဲ့လက်ကောက်ဝတ်ကို ဓားနဲ့လှီးချကာ သူရဲ့သွေးတွေကိုသောက်စေလိုက်တယ် ။ အဲ့ဒီနောက်မှာတော့ ရွှေရောင်ဆေးရည်တွေကို အန်တုဖို့ကြိုးစားနေတဲ့ ရှောင်ကျန့်ရဲ့ကိုယ်ထဲကနေ ထွက်လာတဲ့အနီရောင်စွမ်းအင်တွေက ပျောက်ချင်းမလှပျောက်ကွယ်သွားတယ် ။
KAMU SEDANG MEMBACA
The protagonist rebel against the writer [ Completed ]
Fiksi PenggemarStart Date - 1 Jan 2021 End Date - 14 May 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode]