Part 5*

12.4K 775 12
                                    

Jake အိမ်ကဖုန်းဆက်တာကြောင့် သူကယ်ချင်းတွေကို နှုတ်ဆက်ကာ အိမ်ကို ပြန်လာခဲ့သည်.....ထင်သည့်အတိုင်း ပါးပါးက အိမ်ရှေ့နားလေးမှာ လမ်းလေးလျှောက်ရင်း ဒယ်ဒီနဲ့တူတူ​စောင့်နေသည်....

"သား.......ပါးပါးက သားပင်ပန်းနေမှာစိုးလို့ ခေါ်လိုက်တာ....သွားချင်ရင် နောကိနေ့ထပ်သွားနော်......ပါးပါး ပြန်ခေါ်လို့ စိတ်မဆိုးနဲ့...."

"မဆိုးပါဘူး ပါးပါးရဲ့....သားက ပြန်လာမလို့ဆောင် လုပ်နေပြီ.....ဒယ်ဒီဖုန်းခေါ်တယနဲ့ ကွက်တိဖြစ်သွားတာ...."

"အင်းအင်း....နားတော့လေ...."

"ဟုတ်....ပါးပါးတို့ရော အိမ်ထဲဝင်တော့လေ ပါးပါးနေမကောင်းဘူးဆိုပြီးတော့...."

"အင်းပါ...."
သုံးယောက်သား အိမ်ထဲရောက်တော့ ကိုယ်အခန်းကို ဝင်လိုက်ကြသည်....Jakeက ပြန်ရောက်တော့ အနည်းငယ် ပူနေသလို ခံစားရတာကြောင့် ရေချိုးလိုက်သည်....အဝတ်အစားလဲနေတုန်း....

ဒေါက်......ဒေါက်....

"ကိုိကို....Miaပါ ဝင်ခဲ့လို့ရလား..."

"အင်း ဝင်ခဲ့လေ...."
Miaဝင်လာတော့ Jakeက

"ခုံမှာ ခနထိုင်ဉီး....ကိုကို အဝတ်ပြီးအောင် လဲလိုက်ဉီးမယ်...."

"ဟုတ်ကိုကို...."

Jakeလည်း အဝတ်အစားလဲပီးသည်နှင့် Miaနားထိုင်လိုက်ကာ...

"ပြောစရာရှိလို့လား...."

"ဟို....ညနေကအတွကိလေ Miaတောင်းပန်ပါတယ်နော်....Miaက ဒီတိုင်း ပြောလိုက်တာပါ....ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး...."

"ရပါတယ် Miaစိတ်ထဲမှာ ကိုကို ဘာပြောချင်လဲဆိုတာကို နားလည်ရင် ရပါပြီ...."

"ကိုကို စိတ်မဆိုးနဲ့တော့နော်....နောက်ဆို စကားလည်း နားထောင်မယ်နော်...."

"ကိုကို စိတ်မဆိုးပါဘူး.....သွားနားတော့လေ....ပင်ပန်းထားတာကို..."

"ဟုတ်....ဒါနဲ့လေ ကိုကို့အတွက် ပါစတာလေး ချန်ပေးထားတယ် စားလိုက်နော်...."

"အင်းအင်း ပြီးရင် ကိုကို သွားစားလိုက်မယ်...."

"ကိုကို Good Night. ..."

ချစ်ခြင်း အစပျိုးရာ S2Hikayelerin yaşadığı yer. Şimdi keşfedin