[ Unicode ]
မနေ့ကမှ လောလောလတ်လတ်
changeထားသည့် hair colorကြောင့်
Baekhyun ၏မျက်နှာလေးက ပို၍
ကြည်လင်တောက်ပနေသည်။မျက်လုံးတွေကို ကျော်လွန်ကာမျက်နှာကို
တစ်စွန်းတစ်စဖုံးအုပ်နေသောရှေ့ဆံပင်တွေကို
အနည်းငယ်ညှပ်လိုက်ပြီး ပုံသွင်းထားသေးသည်။ခါတိုင်း နားတစ်ဖက်မှာပန်ထားလေ့ရှိသည့်
နားဆွဲအရှည်ကို ဖြုတ်လိုက်ပြီး
ပလက်တီနမ်နားကွင်းသေးသေးလေးကို
နားမှာပန်လိုက်လေသည်။လည်ပင်းမှာဆွဲထားနေကျဖြစ်တဲ့
ရှုပ်ရှုပ်ယှက်ယှက်ကြိုးအမည်းရောင်တွေကို
အကုန်ဆွဲဖြတ်လိုက်ပြီး ပြောင်ရှင်းနေအောင်
ထားလိုက်တာကြောင့် Baekhyun၏
ပုံစံလေးသည် ယခင်က Byun Baekhyun
နဲ့မတူဘဲ ကွဲပြားနေလေသည်။နောက်ဆုံးအနေနဲ့ ခပ်သင်းသင်းရနံ့ရှိသည့်
ရေမွှေးကိုစွတ်ပြီးသည့်နောက်မှာတော့
ခန္ဓာကိုယ်တစ်ခုလုံး perfect ဖြစ်သွားသလို
သူခံစားမိလိုက်သည်။ထုံးစံအတိုင်း လေတချွန်ချွန်နဲ့လှေကားပေါ်က
ဆင်းလာတော့ Baekhyun အမေကသူ့သားကို
အထူးအဆန်းလူတစ်ယောက်သဖွယ်ငေးကြည့်နေသည်။" ဘာဆေးတွေမှားစားထားတာလဲ
သပ်သပ်ရပ်ရပ်ဖြစ်နေပါ့လား Baekhyun? "Baekhyun ကမကြားချင်ယောင်ဆောင်ကာ
အိမ်ထဲကနေထွက်သွားမည်ဟုခြေလှမ်း
ပြင်လိုက်တော့ သူမကလက်မောင်းကို
ဆွဲကိုင်ထားလိုက်သည်။" ကျောင်းသွားမှာလား? ဒါမှမဟုတ်
ရည်းစားနဲ့သွားချိန်းတွေ့မှာလား? "" ကျောင်းမှာ ရည်းစားနဲ့သွားချိန်းတွေ့မလို့ ''
ဖြူလျော့လျော့နှုတ်ခမ်းတွေနဲ့ အညိုရောင်
ရင့်ရင့်မျက်ဝန်းတွေကို Baekhyunက
လျစ်လျူရှုကာ သူ့လက်မောင်းကိုဆုပ်ကိုင်ထားသော
အမေဖြစ်သူရဲ့လက်ထဲကနေရုန်းထွက်လိုက်သည်။" နေမကောင်းဘူး Baekhyun ''
" ... ''
" အမေနေမကောင်းဘူး ''
Baekhyun ကလှမ်းလက်စခြေလှမ်းတွေကို
အရှိန်သတ်လိုက်ပြီး သူ့အမေရဲ့မျက်နှာကို
သေသေချာချာသတိထားပြီး ကြည့်မိလိုက်သည်။