/ Zawgyi /
တုံ့နှေးလှသောခြေလှမ်းတွေနဲ့လျှောက်နေတဲ့
ကောင်လေးကဦးတည်ရာမရှိလျှောက်သွား
နေတာလားဟုပင်ထင်မှတ်ရလောက်အောင်
ဟိုလမ်းကြားထဲကွေ့ဝင်သွားလိုက်၊
ဒီလမ်းကြားထဲကွေ့သွားလိုက်နဲ့
Chanyeolမှာလာရာလမ်းကိုမနည်း
မှတ်မိအောင်လုပ်နေရသည်။တစ်ခါတစ်ခါလမ်းသွားနေရင်းလည်း
ဘာစိတ်ကူးပေါက်လို့လဲမသိ။
သူလက်လှမ်းမှီသမျှသစ်ပင်တွေက
သစ်ကိုင်းတွေကိုချိုးပြီးသစ်ရွက်တွေကို
လမ်းပေါ်မှာလွှင့်ပစ်ပြီးထားခဲ့တတ်သည်။လမ်းဆုံတစ်ခုကိုရောက်တဲ့အခါ
ထိုကောင်လေးက ညာဘက်ကိုကွေ့သွားတာကြောင့်
Chanyeolလည်းထိုကောင်လေးနောက်က
ထပ်ကြပ်မကွာဖြည်းဖြည်းချင်းလိုက်နေမိသည်။တချို့လမ်းတွေဆိုရင်
လူအရမ်းပြတ်ပြီး တချို့လမ်းတွေကတော့
ချိုင့်ခွက်အနည်းငယ်ရှိတာကြောင့်
လမ်းဆိုးသည်ဟုပင်ပြောရမည်။" ဪ အိမ်ပဲ ''
ခပ်လှမ်းလှမ်းကနေ မြင်နေရသည့်Chanyeol
အမေရဲ့အိမ်ကိုတွေ့တော့မှ ဒီကောင်လေးက
ခြေဦးတည့်ရာလျှောက်သွားနေတာမဟုတ်ဘဲ
အိမ်ကိုဖြတ်လမ်းကနေပြန်မှန်းသူသိတော့သည်။ကောင်လေးကလွယ်အိတ်ကြိုးတစ်ဖက်တည်းကို
လွယ်ထားနေရင်းကကျန်တဲ့တစ်ဖက်ကိုပါ
သေချာလွယ်လိုက်ပြီးခန္ဓာကိုယ်ကိုမတ်လိုက်သည်။ခပ်ဆိုးဆိုးကောင်လေးကကိုယ့်အိမ်ထဲကိုယ်
မဝင်သေးဘဲChanyeolအမေရဲ့အိမ်ထဲကို
အရင်လူရှိမရှိလှမ်းshowလိုက်သည်။ထို့နောက် ခြံရှေ့မှာစိုက်ထားတဲ့
အပင်တွေကိုကတုံးဖြစ်သွားအောင်
အရွက်တွေအကုန်ခြွေချသွားတဲ့ထိုကောင်လေးကြောင့် Chanyeolမှာပါးစပ်အဟောင်းသားဖြစ်နေရသည်။မလုပ်ပါနဲ့ လို့လည်းမတားမိသလို
အဲ့ဒါငါအမေစိုက်ထားတာလို့လည်းမအော်မိ။
ထိုကောင်လေးစိတ်လိုလက်ရပြုမူနေတာကို
Chanyeolကဒီတိုင်းရပ်ကြည့်နေလေသည်။ထိုကောင်လေးကလည်း ဒေါသထွက်နေတာကို
အပင်တွေအပေါ်ပုံချနေလားမသိ။တွေ့သမျှ
အပင်အကုန် အမြစ်ကနေဆွဲနုတ်ပြီး
Chanyeolအမေရဲ့အိမ်ရှေ့မှာ
ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်နေလေသည်။