[ Unicode ]
" ဟုတ်တယ်လေ အန်ကယ်ရဲ့...ကျွန်တော်က
ကိုကို့ရဲ့ ခင်ပွန်းလေး Park Baekhyun ''" တိတ်စမ်း! ငါ့သားက ဘယ်တော့မှ
မင်းလိုလူမျိုးနဲ့ မရစေရဘူး
အဲ့တော့ စကားကောင်းပြောနေတုန်းလမ်းခွဲလိုက်! ''ဖြစ်တည်လာသော ဒေါသကြောင့်
Baekhyun ကိုအော်လိုက်ပြီးမှ
CEO Park ကကိုယ့်စိတ်ကိုပြန်ထိန်းလိုက်သည်။အကြမ်းနည်းနဲ့မရမှန်းသိတာကြောင့်
Chanyeol အဖေကဗျူဟာပြောင်းကာ
Baekhyun ကိုနားဝင်ချိုအေးသည့်အသံဖြင့်
နောက်တစ်ဖန်ပြန်ဖျောင်းဖျလေသည်။" Alex ရဲ့အဘိုးကလည်း western
ဘက်က business အပိုင်းမှာတကယ့်
master ပဲ။ သူသေရင် သူ့မြေးကို
အမွေတွေအကုန်ပေးခဲ့မှာ.. တကယ်လို့
Chanyeol နဲ့ Alex သာလက်ထပ်ဖြစ်ပြီး
ငါတို့ကုမ္ပဏီသာ ပူးပေါင်းလိုက်ရင်
Park Group က local တင်မဟုတ်ဘဲ
global ထိထိုးဖောက်နိုင်သွားမှာ
ဒါဆိုငါ့သား Chanyeolက လူတိုင်းက
မော့ကြည့်ရလောက်တဲ့ အတော်ဆုံးထဲက
အတော်ဆုံးစီးပွားရေးသမားဖြစ်လာမှာပဲ ''Baekhyun က movie တစ်ခုကို
စိတ်ဝင်တစား ကြည့်နေသလို
ပါးစပ်အဟောင်းသားနဲ့ မျက်တောင်တဖျတ်ဖျတ်
ခတ်နေပြီး ခေါင်းကိုလည်းတဆတ်ဆတ်
ငြိမ့်ပြနေသည်။" လမ်းခွဲမှာလား Byun Baekhyun?
စကားနားထောင်မယ်မလား? "Baekhyun က ပါးစပ်ကိုလက်တစ်ဖက်
ဖြင့်အုပ်ကာ CEO Park ရဲ့စားပွဲခုံကိုလည်း
ကျန်လက်တစ်ဖက်ဖြင့် တဒုန်းဒုန်းထုပြီး
အားရပါးရရယ်လိုက်လေသည်။" အမေ့စကားတောင် နားမထောင်တာ
ဘာဆွေမျိုးမှ မတော်စပ်တဲ့အန်ကယ့်စကားကို
ကျွန်တော်ကနားထောင်စရာလား?
အင်း..အန်ကယ်က ကျွန်တော့်ယောက္ခမ
ဆိုရင်တော့တစ်မျိုးပေါ့ ''CEO Park ၏မီးတောက်သဖွယ်အကြည့်က
Baekhyun ဆီဒိုင်းခနဲရောက်လာပြီး
သန်မာဖျတ်လတ်သည့်လက်နှစ်ဖက်က
CEO Park ဟုရေးထွင်းထားသည့်ဖန်တုံးကို
ကိုင်ကာ Baekhyun ကိုရိုက်ရန်ရွယ်ပြီးသား
ဖြစ်နေလေသည်။" what the..? တကယ်ကြီးရိုက်မလို့လား
ကိုယ့်သမက်လေးကို ? "Baekhyun က ကြောက်ရွံ့ခြင်းမရှိဘဲ
ပေါ့ပေါ့ပါးပါးပင်ပြန်မေးလာသည့်မျက်နှာပေးသည်
CEO Park ၏ ဒေါသအပင်ကို
ရေလောင်းနေသလိုဖြစ်နေသည်။