[ U ]
လက်တစ်ဖက်ကိုကွေးကာ ခေါင်းအုံးပြီး
အိပ်နေတာကြောင့် လက်ပတ်နာရီမှ
စက္ကန့်လက်တံ ရွေ့လျားသည့်အသံကိုပင်
Chanyeol ကြားနေရသည်။ညဥ့်နက်သည့်တိုင် သူအိပ်မပျော်နိုင်သေးပေ။
Australia ကိုရောက်တာ လေးရက်ပင်
ြ့ပည့်တော့မည်၊ အခုချိန်ထိ Mr. Blake ရဲ့
လက်မှတ်ကိုရအောင်မလုပ်နိုင်သေး။အဖေဖြစ်သူ Mr. Park ပေးသည့်အချိန်ကလည်း
တစ်ပတ်တည်းသာ၊ ထိုတစ်ပတ်အတွင်းမှာ
Mr. Blake ရဲ့ရင်းနှီးမြှုပ်နှံကြောင်း လက်မှတ်ကို
မရရင် Alex နှင့်လက်ထပ်ရမည်မှာ မလွဲမသွေ။တစ်ဖက်ကုတင်က Baekhyun ကတော့
သူ့ဘက်ကိုကျောခိုင်းထားသည်။'' အိပ်နေတာလား Kyoong? ''
Baekhyun ရဲ့ခြေချောင်းလေးတွေလှုပ်နေတာကို
မြင်လိုက်တာကြောင့် Chanyeol မေးလိုက်လေသည်။'' အိပ်နေတယ် ! ''
အိပ်နေတဲ့သူက အိပ်နေတယ်လို့
ဆောင့်ဆောင့်အောင့်အောင့် ပြန်ဖြေလာတာကြောင့် Chanyeol ခပ်သောသောရယ်လိုက်၏။'' Kyoong မအိပ်သေးရင် ကိုယ်တို့နှစ်ယောက်
စကားပြောကြမလား ? ''ကျောပေးကာ အိပ်ချင်ယောင်ဆောင်သည့်
Baekhyun က သူ့ဘက်ကိုချက်ချင်းပင်
လှည့်ကြည့်လာသည်။'' ဘာပြောမလို့လဲ ''
Chanyeol က သူ့ရင်ဘတ်သူပုတ်ပြပြီး
ကိုယ့်အကြောင်းဟု နှုတ်ခမ်းလှုပ်ရုံမျှပြောလိုက်လေသည်။'' ကိုယ့်အသက် ၁၈ နှစ်မှာ အဖေနဲ့အမေ
ကွာရှင်းလိုက်ကြတယ်၊ တရားဝင်ကွာရှင်းပြီး
သုံးရက်အကြာမှာ အမေက သူ့အချစ်ဦးဆိုတဲ့
လူကြီးနဲ့ လက်ထပ်သွားသလို ကွာရှင်းပြီး
တစ်ပတ်လောက်အကြာမှာပဲ အဖေက
Alex တို့သားအမိကို အိမ်ပေါ်ခေါ်တင်လာတယ် ''ဝမ်းနည်းမှု မစွက်ဖက်သော်ငြား ပျော်ရွှင်မှုမရှိသည့် လေသံဟု Baekhyun ခံစားမိသည်။
'' Alex ကိုယ်တို့အိမ်ကို စရောက်ကာစက
၁၅ နှစ်လောက်ပဲရှိဦးမှာပေါ့၊ သူကအဖေ့ကိုသာ
စိမ်းတာ ကိုယ့်ကိုတော့သိပ်ခင်တွယ်တာ
ကိုယ်ကျောင်းပြန်ရောက်ပြီဆိုတာနှင့် ကိုယ့်အခန်းထဲကို
လိုက်လာတာပဲ၊ ထမင်းစားရင်လည်း ကိုယ်ကျွေးမှစားတယ် ''