[ Unicode ]
အိပ်ယာပေါ်မှာလှဲကာ ဂိမ်းဆော့နေရင်း
Park Chanyeol ဆင်ပေးလိုက်သည့်
လက်စွပ်ဘက်သို့ Baekhyun၏အာရုံသည်
အလည်ရောက်သွားတော့လေသည်။ထို့နောက်
သွယ်လျသောလက်ချောင်းတွေကိုဖြန့်ပြီး
ဆန့်လိုက်ကာ လက်စွပ်ကိုသေသေချာချာ
ကြည့်မိလိုက်လေသည်။CY's ဟု italic ပုံစံထွင်းထားတာကို
တွေ့သောအခါ ကိုယ်တိုင်တောင်မသိလိုက်ဘဲ
သူ့အလိုလိုပြုံးမိလိုက်သည်။ချစ်ခြင်းသည် မသိမသာဖြင့်နှလုံးသားထဲသို့
သိသိသာသာဝင်ရောက်လာနေသည်ကို
Baekhyun သတိမထားမိသေးပေ။သူနဲ့ Park Chanyeol စားသောက်ဆိုင်ထဲကို
လက်ချင်းချိတ်ပြီးဝင်လာသောအခါဖြစ်ပျက်သွားသည့်
Alex ၏မျက်နှာကို အတွေးထဲမှာ
ပြန်ပုံဖော်ကြည့်မိသောအခါ Baekhyunစိတ်ထဲ
ကျေကျေနပ်နပ်ကြီးကိုဖြစ်သွားရသည်။Park Chanyeol က ကျွန်တော်
လက်ထပ်မဲ့ကောင်လေးလို့ ပြောလိုက်တဲ့အခါ
အိုဆင်းသွားသော Alex ၏မျက်နှာသည်
သူ့အတွက်တော့ ဆုလာဘ်တစ်ပါးပင်ဖြစ်သည်။ဖြစ်နိုင်ရင်Park Chanyeol၏စကားတွေကိုလည်း
recording သွင်းထားပြီး Park Chanyeol၏အမူအရာတွေ၊ဂရုစိုက်ပုံတွေကိုလည်း videoရိုက်ထားပြီး Alexကို မျက်လုံးနဲ့
သေသေချာချာကြည့်စမ်းဆိုပြီး
တစ်နေကုန်တစ်နေကန်းဖွင့်ပြထားလိုက်ချင်သည်။ဘယ်ဘဝတည်းက ပါလာသောရန်ငြှိုးတွေကြောင့်လဲမသိ။
သူကပဲ အမြဲတမ်းအနိုင်ပိုင်းကာ Alexကိုတော့
အရှုံးသမားဟူ၍ တံဆိပ်ကပ်ထားချင်မိသည်။" Park Chanyeol - Park Chanyeol -
ခင်ဗျားကျွန်တော့အနားမှာ အမြဲရှိနေသရွေ့
Alex ကိုကျွန်တော်နိုင်တယ် ''Baekhyun သည်လက်ခလယ်တွင်
မော်ကြွားစွာတည်ရှိနေသောလက်စွပ်နဲ့
လက်ကောက်ဝတ်တွင်ရှိနေသော
လက်ပတ်နာရီကိုပါ မဲ့ပြုံးပြုံးကာကြည့်လိုက်သည်။ရည်းစားဖြစ်တာတောင်ဘယ်လောက်မှ
မကြာသေး။ လက်စွပ်နဲ့နာရီကအဆင်သင့်ပင်
ကိုယ်ပေါ်ကိုရောက်နေပြီဖြစ်သည်။ဒါကြောင့်
Park Chanyeol သည်တော်ရုံတန်ရုံ
ချစ်သူမျိုးတော့မဟုတ်ဟု Baekhyun
တွေးမိလိုက်သည်။