/ Zawgyi /
" အား ငါ့ခေါင်း ခေါင်းတွေကိုက်လိုက်တာ ''
" အား ခါးကလည်းနာလာပြန်ပြီ ''
" ဆေးရုံအနံ့ကိုမုန်းလိုက်တာ
ဆေးရုံကပေးတဲ့အင်္ကျီကြီးကအသားလည်း
မကောင်းဘူးနော် ''ဆေးရုံကုတင်ပေါ်မှာခြေဆင်းလျက်ထိုင်ကာ
တရစပ်ပြောနေသည့်အဖေဖြစ်သူကြောင့်
ဆိုဖာပေါ်မှာသတင်းစာဖတ်နေသည့်
Chanyeolကခေါင်းကိုအသာလေး
ခါယမ်းလိုက်သည်။" သက်သာလား Darling? "
Chanyeolအဖေရဲ့နောက်မိန်းမ
Rinaကလည်းသူ့ယောကျာ်းရဲ့
မသက်မသာပုံစံကြီးကိုကြည့်ပြီး
သူပါစိတ်မသက်မသာဖြစ်ရသည်။" အား အဲ့ကောင်စုတ်လေး!
ငါမွေးရင်ငါ့မြေးအရွယ်လောက်လေးက
ငါ့ကိုဆော်ပလော်တီးသွားတာ အား!
တွေးရင်းတွေးရင်း ဒေါသထွက်လာပြီ!
ဒင်းကြောင့် စာချုပ်လည်းမချုပ်လိုက်ရဘူး ''မကျေမချမ်းပြောနေသော CEO Park
ရဲ့စကားကိုနားစွင့်နေရင်းChanyeol
မျက်လုံးထဲမှာပေါ်လာတာက
Byun Baekhyunဆိုတဲ့ကောင်လေး။မနေ့တစ်နေ့ကပဲ အမေ့ရဲ့ပန်းအိုးတွေကို
ရိုက်ခွဲပစ်သည့်အပြင် အခုလည်းအဖေ့ကို
ဆေးရုံရောက်အောင်ပို့နိုင်တဲ့ကောင်လေး။တွေ့လိုက်ရင်အမြဲဂျစ်တီးဂျစ်ကန်နဲ့
ဘယ်သူမှဂရုမစိုက်သောစတိုင်ဖြင့်
နေတတ်တဲ့ကောင်လေး။ရယ်ခြင်းပြုံးခြင်းမရှိ မထိတထိမျက်နှာထားနဲ့
အမြဲနေတတ်တဲ့ကောင်လေး။ဒီကောင်လေးက ဒီလောက်ဆိုးနေတာတောင်
ဘာလို့ချစ်စရာကောင်းနေလဲဆိုတာChanyeol
စဉ်းစားလို့မရ။" ဪ ဒါနဲ့မနက်ဖြန်Alexမွေးနေ့နော် ''
CEO Parkကသတိပေးတော့မှ
Chanyeolလည်းမနက်ဖြန်ကAlex
မွေးနေ့ဆိုတာသတိရတော့သည်။ငယ်ငယ်ကတော့ သူလိုချင်သည့်ဂိမ်းစက်တို့၊
ကားစက်ရုပ်တို့ဘာတို့ဝယ်ပေးလို့ရပေမဲ့
နည်းနည်းလေးအရွယ်ရောက်လာတော့
မွေးနေ့လက်ဆောင်ကိုဘာပေးရမလဲဟု
စဉ်းစားရတာခေါင်းခြောက်ရပြန်သည်။Alexကသူ့ကိုနာရီနဲ့ဖိနပ်ကလွဲရင်
ကြိုက်တာပေးဟုပြောထားပြီးသားဖြစ်တာကြောင့်
တခြားအသုံးအဆောင်ပစ္စည်းတွေထဲက
အဆင်ပြေမဲ့တစ်ခုခုကိုပေးရန်တွေးလိုက်လေသည်။