[ Zawgyi ]
" ကိုကိုက မင်းရဲ့sugar lover
လုပ်ပေးမယ်Kyoong ''Chanyeolက Baekhyun အရပ်နဲ့
တစ်ပြေးညီဖြစ်အောင်ဒူးကိုအနည်းငယ်
ကိုင်းလိုက်ပြီး Baekhyunရဲ့မျက်ဝန်းတွေကို
စိုက်ကြည့်ပြီးပြောလိုက်သည်။" ကားဝယ်ပေးမယ် ကိုယ်နဲ့တွဲမလား? "
" လေယာဉ်ပြန်ဝယ်ပေးမယ် ငါ့ရှေ့ကဖယ်ပေး ''
တစ်ခွန်းဆိုတစ်ခွန်း သေးသေးတင်တောင်
မတင်မခံတဲ့ကောင်လေးက ရှက်ရွံ့ခြင်းမရှိဘဲ
ရဲရဲဝံ့ဝံ့ပြန်ဖြေလာတာကြောင့် Chanyeol
နှုတ်ခမ်းလှုပ်ရုံလေးပြုံးလိုက်ပြီး Baekhyun
အရှေ့ကနေဖယ်ပေးလိုက်သည်။" ကိုယ့်ကိုမှတ်မိလား? "
" မမှတ်မိရအောင် အတိတ်မေ့နေတာမှမဟုတ်တာ !''
Baekhyunကစိတ်မရှည်သလိုပုံစံဖြင့်
ပြောပြီးသူ့လမ်းသူဆက်သွားရန်
လုပ်နေတာကြောင့် Chanyeolက
လက်ကိုဖမ်းဆွဲပြီးအမြန်တားလိုက်ရသည်။" ခဏလေး ကိုယ်ပြောစရာရှိသေးတယ်
စကားလေးတစ်ခွန်းနှစ်ခွန်းလောက်ပဲ
ပြောရုံလေးပါ ''Baekhyun ကသူ့လက်ကိုကိုင်ထားတဲ့
Chanyeolရဲ့လက်ထဲကနေအတင်းရုန်း
လိုက်ပြီး မျက်နှာကိုလက်သီးဖြင့်ထိုးလိုက်တော့သည်။" မင်းက လေပေါပေမယ့်
ငါကတော့အချိန်မပေါဘူးနောက်တစ်ခါ ငါ့ရှေ့ကိုပေါ်လာရင်
မင်းမျက်ခွက်စုတ်မယ်! "လက်သီးထောင်ပြကာ သူ့ကိုကျောခိုင်း
သွားတဲ့Baekhyunရဲ့ကျောပြင်ကို
ကြည့်ကာပြုံးမိတော့ အထိုးခံရတဲ့နေရာက
အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။ကလေးရှက်တော့ငို
လူကြီးရှက်တော့ပြုံးတဲ့။ကလေးမက လူကြီးမကျသော
Kyoong လေးသည်သူ့မျက်နှာပေါ်သို့
လက်သီးတစ်လုံးပစ်ကျွေးသွားကာ
နောက်တစ်ခါ သူ့ရှေ့ကိုမပေါ်လာရန်
ရာဇသံပေးသွားသေးသည်။ကိုယ့်ထက်သုံးနှစ်ငယ်တဲ့ကောင်လေးက
စကားပြောတော့လည်းသူ့ကိုယ်သူ 'ငါ'ဟု
သုံးနှုန်းသွားသေးသည်။တခြားသူတွေဒီလိုပြောလာရင်ရိုင်းသည်
ဟုသူတွေးမိမှာမှန်ပေမယ့် ဒီကောင်လေး
ပြောသွားတော့ ရိုင်းသည်ဟုမထင်ဘဲ
ချစ်စရာကောင်းသည်လို့တောင်Chanyeol
ထင်မိသေးသည်၊