(U)
'' တောက် ! ကြယ်သီးကလည်း ပြုတ်သွားပြန်ပြီ ''
ဂျယ်ဂျူကိုသွားဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကုတင်ပေါ်မှာ ထိုင်စစ်နေရင်း Baekhyun အသံကြောင့် Chanyeol လှမ်းကြည့်လိုက်သည်။
ကိုယ့်ပုံစံကို ကိုယ်စိတ်တိုင်းမကျသည့်ဟန် Baekhyun က မျက်မှောင်တွေကို တွန့်ကြုတ်ထားပြီး မှန်ထဲမှာမြင်နေရတဲ့သူ့ပုံရိပ်ကိုသူ လက်ညှိုးတထိုးထိုးနဲ့ ရန်တွေ့နေသည်။
မျက်နှာကိုငေးကြည့်နေရာကနေ အကြည့်ကိုတစ်ထစ်လျှော့ကာ ကြည့်လိုက်တော့ ကိုယ်ပေါ်မှာဆင်မြန်းထားသည့် ရှပ်အဖြူရောင်က တွန့်ကြေနေသည်။
ရင်ညွန့်နားက ကြယ်သီးနှစ်လုံးလောက် ပြုတ်နေတာကြောင့် ရင်ဘတ်ဖြူဖြူလေးကို အတိုင်းသားမြင်နေရသည်။ရှပ်အကျႌလက်ကိုလည်း တံတောင်ဆစ်နေရာနားထိ မသေမသပ် ခေါက်တင်ထားသေးသည်။
Chanyeol ကုတင်ပေါ်ကနေ ချက်ချင်းထလိုက်ပြီး အဝတ်ဗီဒိုကိုဖွင့်ကာ သူနဲ့အသေးဆုံးဖြစ်လောက်မည့် ရှပ်အကျႌကို ရှာဖွေလိုက်သည်။
နောက်ဆုံးတော့ သူအထက်တန်းနောက်ဆုံးနှစ်က ကျောင်းဆုပေးပွဲမှာ တစ်ကြိမ်ပဲထုတ်ဝတ်ရသေးသည့်အကျႌလေးကို ကံကောင်းထောက်မစွာတွေ့တာကြောင့် ဆွဲထုတ်လိုက်သည်။
'' ရော့ ''
'' ခင်ဗျားအကျႌကို ကျွန်တော်ကဘာလုပ်ပေးရမှာလဲ ? ''
Chanyeol လက်ထဲက ရှပ်အကျႌအဖြူရောင်ကိုကြည့်ပြီး Baekhyun အထွန့်တက်ကာမေးလိုက်သည်။
'' လုပ်ချင်တာလုပ်လေ...
ခြေထောက်မှာ စွပ်ချင်ရင်လည်း စွပ်ပေါ့ ''ခပ်တည်တည်ဖြင့်နောက်လိုက်တော့ Baekhyun ရဲ့
ချစ်စရာကောင်းတဲ့ မျက်စောင်းက ဒိုင်းခနဲရောက်လာသည်။
ထို့နောက် ရေချိုးခန်းတံခါးကို ဝုန်းခနဲပိတ်ကာ အဝတ်သွားလဲလေသည်၊'' ဒီတိုင်းလဲလည်း ဖြစ်ရဲ့သားနဲ့ ''
အကျႌလေးလဲတာတောင် မျက်စိကွယ်ရာ၊နားကွယ်ရာဖြစ်တဲ့ ရေချိုးခန်းထဲမှာ သွားလဲတဲ့ Baekhyun ကြောင့် Chanyeol မှာရယ်ရအခက်၊ ငိုရအခက်။