[ Unicode ]
" Chan! "
Chanyeolက Baekhyun လက်ကို
ဆွဲကာရုံးခန်းထဲကနေ နှစ်ယောက်သားအတူတူ
ထွက်သွားကြတာကြောင့်Alexသည်အနောက်ကနေ
အပြေးလိုက်လာလေသည်။" ခဏလေး နေပါဦး Chan ~ Please ~ ''
Chanyeolက Baekhyun လက်ကို
တွဲထားလျက်ပင် Alex ကိုလှည့်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်အနောက်သို့ အမှီပြေးလိုက်လာသော
Alexကအသက်ရှူသံတွေမြန်ဆန်နေပြီး ချက်ချင်း
စကားမပြောနိုင်သေးပေ။ပြောစရာရှိတာမပြောသေးဘဲ အမောဖြေနေသော
Alexကိုကြည့်ကာBaekhyun က
စိတ်မရှည်သလိုပုံစံဖြင့် လှမ်းကြည့်လိုက်သည်။" ဘာပြောမလို့လဲ Park Alex?
ပြောစရာရှိတာမြန်မြန်ပြော ''Alexက Baekhyun ကိုမျက်စောင်း
မည်သောအကြည့်ဖြင့် မကျေမနပ်ကြည့်လိုက်ပြီး
Chanyeol ၏လက်တစ်ဖက်ကိုဆွဲကိုင်ရန်
ပြင်လိုက်လေသည်။Alex ထက်ပိုလျင်သည့် Chanyeolကလည်း
ချက်ချင်းပင် ဘောင်းဘီအိတ်ထဲသို့လက်ထည့်ကာ
Alex၏ကမ်းလက်ကို မသိချင်ယောင်ဆောင်
လိုက်လေသည်။" ကျွန်တော်ကရော Chan?
ကျွန်တော့ကိုရော ဘယ်သူကလာခေါ်မှာလဲ? "" မင်းမေမေကို ကိုယ်ဖုန်းဆက်ထားပြီးသား။
မကြာခင် လာတော့မှာပါ ''" ကျွန်တော်ရန်ဖြစ်တာ Mommy သိသွားရင်
ကျွန်တော့်ကိုဆူမှာပေါ့ ''" အဲ့ဒါဆိုရင်လည်း ဘာလို့ရန်ဖြစ်သေးလဲ? "
Chanyeol၏အသံက လုံးဝမာထန်နေတာ
မဟုတ်ဘဲ ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်ကို
ပုံမှန်လေသံဖြင့်ဆုံးမနေခြင်းသာဖြစ်သည်။" Chan ~ ~ ''
Alex ၏တောင်းပန်သလိုဆွဲဆွဲငင်ငင်
အခေါ်အဝေါ်ကြီးကြောင့် Baekhyunက
Chanyeol၏လက်ချောင်းတွေကို ဖျစ်ညှစ်ကာ
သူဒီမှာဆက်မနေချင်တော့ကြောင်း
အချက်ပြလိုက်လေသည်။" ခဏလောက်စောင့်လိုက်ပါ
မကြာခင် မင်းမေမေလာတော့မှာပါ
ကိုယ်သွားပြီ ''Chanyeol က နှစ်သိမ့်သလိုပုံစံမျိုးဖြင့်
Alexကိုအတန်ငယ်ပြုံးပြလိုက်ပြီး
Baekhyun၏အေးစက်နေသော
လက်ချောင်းလေးတွေကိုသတိထားမိတာကြောင့်
သူ့ကုတ်အကျႌရဲ့အိတ်ကပ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။