💜 35 💜

642 76 2
                                    

Zaw

အတွေးတို့နဲ့ ပတ်ဝန်းကျင်ကို သတိမထားမိသော ယွန်းဂျီလေး ဆူအာ သူ့ရှေ့ရောက်နေသည်ကိုပင် သတိမထားမိ.....
"နင်က သေသင့်တာ..."

ဆူအာ့ရဲ့လက်နှစ်ဖက်က ယွန်းဂျီရင်ဖက်နားရောက်လာပြီး တွန်းလိုက်သည်။
"အ့...အားး" နောက်က မြစ်ထဲကို နောက်ပြန်ပြုတ်ကျသွားသော ယွန်းဂျီ.....

'ဗွမ်း!!!'
"အကောင်ပေါက်! !!!!!"
'ဗွမ်း....!!!!'

မင်ဝူမြင်မြင်ချင်း လက်ကမုန့်ထုပ်ကို ပြစ်ချကာ ယွန်းဂျီကျသွားသောမြစ်ထဲသို့ အမြန်ခုန်ဆင်းလိုက်သည်။
"ဟာ...အစ်...အစ်ကိုမင်ဝူ...ကယ်...ကယ်ကြပါဦး.... ကယ်ကြပါဦး..... "

မြစ်က အတန်ငယ်နက်တာမို့ စိမ်းသက်သက်ဖြစ်တဲ့လူဆို ကူးခတ်ဖို့မလွယ်ကူပင်။ မင်ဝူမှာ ငယ်ငယ်လေးထဲက ဒီမြစ်နဲ့မစိမ်းတာမို့ အဆင်ပြေသည်။ လူတစ်ရပ်ကျော်လောက် ကုန်းမြင့်ဖြစ်တာကြောင့် ရေထဲကိုကျသွားလဲ ပြန်တတ်ဖို့က ကျွမ်းကျင်မှ...

ယက်ကန် ယက်ကန်ဖြစ်နေသော ယွန်းဂျီကို ခါးကနေဖက်ပြီး ကမ်းသို့ အမြန်ကူးလာလိုက်သည်။ လူတစ်စု၏အကူအညီကြောင့်ကော ကမ်းပေါ်သို့ နောက်ဆုံးလှမ်းလာနိုင်လိုက်သည်။

ရောက်ရောက်ချင်း ရေမွန်းနေသော ယွန်းဂျီကို နှုတ်ခမ်းချင်းတေ့ကာ အသက်ရှူစေရန် မင်ဝူအမြန်ပြုလုပ်နေရသည်။
"အဟွတ်.. အဟွတ်...အဟွတ်..."

"အကောင်ပေါက် အဆင်ပြေလား ကိုကို့ကိုပြောလေ..." မျက်နှာလေးကို သေချာကိုင်ကာ မေးနေသော ကိုကို့ကြောင့် ယွန်းဂျီ စိတ်ချမ်းသာရသည်။

"ဟုတ်...အဆင်ပြေပါတယ်..."
"အကောင်ပေါက်ရာ ကိုကိုလေ...ကိုကို...ရင်ကွဲပြီးသေတော့မလို့ပဲ...." ယွန်းဂျီအားဖက်ကာ ငိုသံပါပါနဲ့ပြောနေသော မင်ဝူကြောင့် ဘေးကလူတွေပါအံ့သြသွားကြသည်။

"မငိုနဲ့နော်... ကျွန်တော်အဆင်ပြေပါတယ်...." မင်ဝူလဲ အပေါ်ဝတ်ကိုရုံကို ချွတ်လိုက်ပြီး ယွန်းဂျီကိုယ်ပေါ်လွှားပေးလိုက်ကာ မပြီးသေးသော ပြဿနာကိုရှင်းရဦးမည်လေ....

ဖြစ်ထဲက မင်ဝူမြင်သွားမှာကြောက်ပြီး ထိုနေရာတွင်သာ ဆူအာရပ်နေမိသည်။ ရေထဲကနေ ယွန်းဂျီကို ကယ်လာပြီး မိမိအား လူသတ်မလို မျက်လုံးများနဲ့ လှမ်းကြည့်သောမင်ဝူကြောင့် ဆူအာ လှုပ်တောင်မလှုပ်ရဲ....*မြင်သွားသေးလား*

Lee Yoon Gyi (Complete)Where stories live. Discover now