💝 29 💝

615 69 0
                                    

Zaw

ဒီနေ့မင်ဝူ လှေဆိပ်မှာ စိတ်လှုပ်ရှားစွာနဲ့စောင့်နေသည်။
မိမိပေးလိုက်သောစာအား အဘွားဖတ်ပြီး ပြန်စာပေးလိုက်မှာလဲသေချာတာမို့ စိတ်လှုပ်ရှားစွာနဲ့စောင့်နေမိသည်။

စိတ်ကိုလဲအတတ်နိုင်ဆုံး ပြင်ဆင်ထားရသည်။

မကြာမီ ရွာမှ မင်ဝူ့မိတ်ဆွေတစ်ဦးအား လှေဆိပ်တွင် စောင့်နေသော မင်ဝူ့ကိုတွေ့ပြီး
"မင်ဝူ... ရော့ မင်းအဘွားပေးခိုင်းလိုက်လို့ မဟုတ်ရင် မင်းနေတဲ့ဆီငါလာပေးမလို့ပဲ။"

မိတ်ဆွေစီက စာကိုလှမ်းယူလိုက်ပြီး
"ရပါတယ်..ကျေးဇူးတင်ပါတယ်.... ကိစ္စလေးရှိသေးလို့ သွားနှင့်ပြီနော်။"

မိတ်ဆွေအားအမြန်နှုတ်ဆက်ကာ နေအိမ်သို မင်ဝူ ပြေးလာမိသည်။
အိမ်ပေါ်သို့လဲ​ ပြေးတတ်သွားပြီး အဘွားရေးပေးလိုက်သော စာအားဖတ်ရန် စိတ်ကို တည်ငြိမ်အောင်ထားနေရသည်။
_________

"အင်းးး ဒုန်ဂျူး..."
လသာဆောင်လေးမှာ ယောင်ဟိုသည် ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး မိမိဘေးတွင်ထိုင်နေသော ဒုန်ဂျူးကိုခေါ်လိုက်တော့

"မှန်လှပါမင်းသား..."
"ယောင်ဟိုလို့ပဲခေါ်လို့...."
"ခုက နန်တော်ထဲမှာပါ မင်းသား..."
"ငါသိတယ်...ခုက အချင်းချင်းမို့လို့ ပြောရမဲ့စကား.."

တိတ်တိတ်ပုန်း မဟုတ်တာလုပ်တော့မည့်ပုံစံနဲ့ အသံကိုတိုးတိုးပြောနေသော ယောင်ဟိုကိုကြည့်ပြီး ဒုန်ဂျူးရယ်ချင်သွားသည်။ ပုံစံကလဲ အရေးကြီးပုံထောက်တာကြောင့် ဆက်မငြင်းတော့ဘဲ...

"ပြောပါ ယောင်ဟို..."
"ဟို..ပြောရမှာတော့ အားနာပင်မဲ့ မင်း ယွန်းဂျီကို စိတ်ဝင်စားသေးလား။"

ယောင်ဟိုအမေးက ဒုန်ဂျူးကို ဘယ်လိုခံစားရစေသွားလဲဆိုတာ ကိုယ်တိုင်တောင်မသိတော့ဘူး...
"ကျွန်တော် မပြောတတ်ဘူး ကိုယ့်စိတ်ကိုလဲနားမလည်ဘူး။"

"မင်းက အရင်ကမချစ်ဖူးဘူးလို့ သေချာမသိသေးတာပါ။" ဆရာကြီးပုံစံနဲ့ပြောတတ်လာတဲ့ ယောင်ဟိုက ယွန်းဂျီဆီကပဲ အကျင့်တွေကူးလာသလားမှတ်ရ....

"ယောင်ဟိုကကော ချစ်သူထားဖူးလို့လား။" ဒုန်ဂျူးအမေးကြောင့် ယောင်ဟို ရှက်ရှက်နဲ့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ပြီး
"မင်း... မင်းကလဲ ငါ..ငါ မထားဖူးပင်မဲ့ ချစ်..ချစ်တော့ ချစ်တတ်ပါတယ်။"

Lee Yoon Gyi (Complete)Where stories live. Discover now