Zaw
"ဂျောင်ဆူးတိုင်းပြည်က ပိုးထည်တွေနဲ့ ရှားပါးပစ္စည်းတွေကို ခမည်းတော်က လက်ဆောင်အဖြစ်ဆက်သလိုက်ကြောင်းပါ မင်းကြီး။"
"လူလေးကရော..." တောင်ပိုင်းတိုင်းပြည်ဘုရင်၏ စကားမှာ အနှောင့်အသွားမလွတ်တာကြောင့် ယောင်ဟိုအမှန်ပင်ဒေါသထွက်သွားသည်။
"ဒီနေ့ကျွန်တော် နန်းတွင်းအပြင်ကိုခဏလောက် လှည့်ပတ်ကြည့်ခွင့်ပြုပါမင်းကြီးး" စကားလမ်းကြောင်းအား ပြောင်းကာ ပြောပစ်လိုက်ရသော ယောင်ဟို
"မင်းသားကြည့်ချင်ရင်တူတူသွားကြတာပေါ့။"
"ကျွန်တော်နဲ့ကိုယ်ရံတော်ဂျန်ပဲသွားလိုက်ပါ့မယ်။ ဒီရောက်ထဲက အားလုံးသေချာလိုလေသေးမရှိ စီစဉ်ပေးထားတာနဲ့တင် အားနာလှပါပြီ။""ဟားး ရပါတယ် မင်းသားရယ်။ မင်းသားအတွက်ပဲ... ကျွန်တော်ဒီလောက်လေးတော့ လုပ်ရမှာပေါ့။" တောင်ပိုင်းတိုင်းပြည်ဘုရင်က ခုလိုမထိတထိ မင်းသားကိုအမြဲပြောနေတတ်တာ ဒုန်ဂျူးလဲတကယ်သဘောမကျပေ။ ဘုရင်ဆိုတော့လဲ ပြောချင်သလိုပြောလို့မရလို့သာ ဒုန်ဂျူး လွှတ်ထားပေးခြင်းဖြစ်သည်။
____________________"စုံပြီလားသား ရော့ မုန့်ခြောက်တွေ.."
"မေမေရယ် အရမ်းကြီးလဲကြာမှာမှမဟုတ်တာကို။"
ယွန်းဂျီအမေကတော့ သားလေးအခုလိုခရီးမသွားဖူးတာကြောင့် စိတိပူနေရတာတော့အမှန်။ မင်ဝူ့ကြောင့်သာ ထည့်လိုက်ရသော်လဲ လမ်းတွင်စားဖို့ မုန့်တွေထည့်ပေးလိုက်တာလဲ မနည်းဘူး။"မိန်းမရေ... သားကပြန်လာမှာသိလား။ ဘယ့်နှယ်လွန်ရောစိတ်ပူတာ ယောက်ျားလေးပဲ ကိုယ်ကိစ္စကိုယ်ရှင်းတတ်ရမှာပေါ့။ ပြီးတော့ မင်ဝူတစ်ယောက်လုံးလဲ ပါနေတာကို။"
"ယောက်ျားကလဲ သားလေးက ခုလိုမှမသွားဖူးတာ စိတ်ပူတာပေါ့။ မင်ဝူ... သားလေးကိုအပ်ပါတယ် မလိမ္မာလဲဆုံးမနော်။""စိတ်ချပါ သခင်မကြီးလီ ကျွန်တော်သေချာစောင့်ရှောက်ပါ့မယ်။ အဲဒါဆိုသွားပြီနော်... လှေလဲထွက်တော့မှာဆိုတော့။"
"အေးအေး ဂရုစိုက်နော်..... "နှစ်ယောက်သားစီးသော လှေထွက်သည့်တိုင် သခင်မကြီးလီမှာ လက်ပြရင်း သားဖြစ်သူကို စိတ်ပူနေသေးသည်။
YOU ARE READING
Lee Yoon Gyi (Complete)
RomanceZaw Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine lay Uni Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine Lay