Zaw
"အကောင်ပေါက်.... အကောင်ပေါက် မင်းပုန်းနေတာငါသိတယ်နော်။ မင်းထွက်လာမလား။ တကယ်လို့ငါရှာလို့မှတွေ့ရင် မင်းညလုံးပေါက် စာကျက်ရမယ်မှတ်။"
မနက်မိုးလင်းလို့ မနက်စာ စားပြီးထဲက ပျောက်သွားသော အကောင်ပေါက်ပင်။ ဒီကောင်လေး အပြင်တော့ မထွက်တာသေချာပါတယ်။ ဒီအိမ်ရဲ့ တစ်နေရာမှာ သေချာကို ပုန်းနေတာပဲဖြစ်ရမယ်။
"အေးးး ငါပြောရင်ပြောတဲ့အတိုင်းလုပ်တာနော်...."
"လာ... လာပြီ...." ဟုတ်တာပေါ့ လီယွန်းဂျီရဲ့အသံအစစ်ပါ။ အပေါ်ဘက်က လာတာမို့လို့ အပေါ်ဘက်ကိုကြည့်လိုက်တော့ ဘာမှမတွေ့"ဘယ်မှာလဲ...."
"ကျွန်တော် အမိုးပေါ်မှာ.. လာ... လာပါဦး"
ယွန်းဂျီအသံတွေတုန်ကာ လှမ်းခေါ်နေသောကြောင့် မင်ဝူလဲ ခြံထဲပြေးဆင်းလိုက်ပြီး အမိုးပေါ်သို့လှမ်းကြည့်လိုက်တော့ တွေ့ပါပြီအကောင်ပေါက်ကို"ဆင်းခဲ့...ချက်ချင်း" အသံကတမင်ရည်ရွယ်၍ မာအောင်မပြေသော်လဲ ပါးစပ်ကထွက်သွားတာတော့ အသံနဲနဲမာသွားသည်။
"ဟင့်.... မ...မ...ဆင်းရဲတော့ဘူး ကိုကို... "
"ဘယ်လို... မင်းတတ်တုန်းကတော့ ဘယ်လိုတတ်လဲ။"
"မသိဘူးဒီအတိုင်းပဲတွယ်တတ်လိုက်တာ.. မဆင်းတတ်တော့ဘူး။"မျက်ရည်လေးတွေဝဲလျက် ပြန်ပြောလာသော အကောင်ပေါက်ကိုကြည့်ရင်း မင်ဝူလဲရယ်ရခတ် ငိုရခတ်ပင်။
"အေး ခဏစောင့် ငါခြံအနောက်ဘက်တဲထဲ လှေကားရှိမလားသွားကြည့်လိုက်ဦးမယ်။"
"မြန်မြန်လာနော်.."ယွန်းဂျီရဲ့ လှမ်းအပြောကို မင်ဝူလဲခေါင်းသာ ပြန်ညှိမ့်ပြလိုက်သည်။ တော်သေးတယ် အနောက်ဘက်ကတဲထဲ လှေကားရှိလို့ပေါ့။ မင်ဝူလဲလှေကားကို အိမ်အမိုးပေါ်မှ ဆင်းနိုင်အောင် သေချာထောင်ထားလိုက်ပြီး
"ကဲ ဆင်းလာလို့ရပြီ အကောင်ပေါက်.... " လှေကားကိုကြည့်လိုက် မြေကြီးပေါ်ကြည့်လိုက်နဲ့ မဆင်းလာသေးသော ယွန်းဂျီကြောင့် မင်ဝူလဲ
"ဘာဖြစ်လို့လဲ..""ဟို... ကျွန်တော် ဘယ်ကနေစဆင်းရမှန်းမသိလို့" အူကြောကြောင်မျက်နှာလေးနဲ့ ယွန်းဂျီတစ်ယောက် ဒီတစ်သက်အောက်ရောက်ပါဦးမလား....
YOU ARE READING
Lee Yoon Gyi (Complete)
عاطفيةZaw Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine lay Uni Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine Lay