Zaw
မနက်ခင်းကျေးငှက်လေးတွေ သီကြူးနေရင်း သာယာသော မနက်ခင်လေး...
ချစ်ရသူကို ဘေးထားကာ နိုးထလာရသော မနက်ခင်းတိုင်းကာ တကယ်ကို ကြည်နူးစရာအတိ....မင်ဝူမျက်လုံးများကိုဖွင့်ကာ ဘေးဘက်ကိုကြည့်လိုက်တော့ မိမိလက်မောင်းကို ခေါင်းဦးကာ မိမိရင်ခွင်ထဲသို့ အတင်းတိုးဝင်းရင်း အိပ်နေသော အကောင်ပေါက်....
အကောင်ပေါက်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။
နေရောင်ဖျဖျကြောင့် မျက်မှောင်လေးကြုံသွားသော ယွန်းဂျီကိုကြည့်ရင်း မင်ဝူသဘောကျနေမိသည်။"အင်းးးး.." မျက်လုံးတွေမဖွင့်ပဲ လူးလန့်လာသော ယွန်းဂျီကို လွတ်သွားမည့်အလား မင်ဝူပိုတိုးကာဖက်ထားလိုက်တော့
"ဟင်...ကိုကို....နိုးနေပြီလား..... "
"အင်း နိုးနေပြီလေ ကိုကို့အကောင်ပေါက်လေးကိုကြည့်နေတာ...""ဟာ...." ခုထိရှက်တတ်နေသော အကောင်ပေါက်ကြောင့် မင်ဝူလဲ
"ရှက်နေသေးတာလား ကိုကို့အကောင်ပေါက်လေးက အိုက်ယားး ချစ်လိုက်တာ ပြွတ်...ပြွတ်...ပြွတ်..." အသည်းတယားယားနဲ့ ယွန်းဂျီမျက်နှာအနှံ့ကို မင်ဝူစောစောဆီးဆီး အနမ်းမိုးများရွာလိုက်သည်။မင်ဝူနမ်းနေတာကို ရှက်လို့ရုန်းရင်း အောက်ပိုင်းတစ်နေရာက ခပ်ဆူးဆူးခံစားချက်ကြောင့်
"အ့...သေပါပြီ..."
"ဘာဖြစ်လို့လဲ အကောင်ပေါက် ပြော...ကိုကို့ကိုပြောလေ...."ငိုချင်သူကိုလက်တို့လိုက်သော မင်ဝူကြောင့် ယွန်းဂျီလေး
"အီးဟီးး လူညာကြီး သူများသားသမီးကို မညှာမတာ..."
ပြောင်းသွားသော နာမ်စားကြောင့် ဘာကိုရည်ညွှန်းမှန်း မင်ဝူကောင်းကောင်းသိသည်။"အော် သိပြီ...တောင်းပန်ပါတယ် နော်...ကိုကို့အကောင်ပေါက်လေး...."
"သွားပါ...ခုမှ ပြောတော့ မနာစေရဘူးတဲ့ ခုကျတော့ သေအောင်နာနေတယ် လူညာကြီး...အီးဟီးး""တိတ်...တိတ်နော်...ကိုကို သမားတော်ဆီက ဆေးမေးပြီးဝယ်ထားတယ် ထည့်လိုက်ရင်ပျောက်တယ်တဲ့..."
"ဘာကိုထပ်ထည့်ချင်နေသေးတာလဲ အီးးး"
YOU ARE READING
Lee Yoon Gyi (Complete)
Roman d'amourZaw Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine lay Uni Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine Lay