Zaw
မိမိကို အံ့သြဟန်နဲ့ သေချာစိုက်ကြည့်နေသော ထိုကောင်လေးကိုလဲ အံ့သြမိသည်။ ဘယ့်နှယ် လူကို ပေါက်ထွက်မတတ်ပဲ။
ထရပ်လိုက်တော့ ကျောဘက်က စူးကနဲခံစားရသည်။ ဒီကောင်လေးက တောင်းတောင်းပန်ပန်နဲ့ပြောနေတယ်။ သူ့အမှားမှလဲမဟုတ်တာ။ ကလေးလေးတစ်ယောက်ကို ကယ်ရင်းဖြစ်တာပဲ စိတ်ထားလေးကတော့ကောင်းသား။
ဒီကောင်လေးတောင်းပန်နေတုန်း အနောက်ကနေ အော်ခေါ်သံကြားလိုက်လို့ လှည့်ကြည့်မိလိုက်တော့ နောက်တစ်ယောက်လဲ မိမိကို ပေါက်ထွက်မတတ်ကြည့်နေတယ်။ ဒါပင်မဲ့မတူဘူး သူက ဒေါသထွက်နေပြီး ငါ့ပဲ ထိုးမလိုလို။
မလွယ်ဘူး...ကူညီလဲကူညီရသေးတယ်။အာ့...ကျောကလဲနာလိုက်တာ.....
-----
"ဘာစာမှမကျက်ရပါစေနဲ့တဲ့လား ဟားးးဟားးးး"
"ဟာ...အစ်ကိုဒုန်ဂျုးနော်။ ဘာဖြစ်လဲ.... "
"နောက်တာပါ... ဟားး... လာလာ...လွှတ်တော့မယ်။""အစ်ကိုကကော ဘာဆုတောင်းရေးတာလဲ။"
"ရော့..ဖတ်ကြည့်။"
လက်ထဲက စာရေးထားတဲ့ မီးပုံးလေးကို ယွန်းဂျီလဲလှမ်းယူလိုက်ပြီး ဖတ်ကြည့်တော့" 'ကိုယ်ချစ်ရသူက ကိုယ့်ကိုပြန်ချစ်လာပါစေ' အိုးးးး အစ်ကိုဒုန်ဂျုးမှာ ချစ်ရမဲ့သူ ရှိနေပြီပေါ့။"
"အင်းးးဟုတ်တယ်။ ဒါပင်မဲ့လေ သူက မသိဘူးထင်တာပဲ။""ဘယ်သူမို့လဲ..."
"ရေးပြီးကြပြီလား...လွှတ်တော့မယ်လေ။" အွန်းနာရဲ့အမေးကြောင့် ယွန်းဂျီလဲမေးတဲ့ကိစ္စ အမှုမဲ့ အမှတ်မဲ့သာ။ကောင်းကင်ကြီးမှာ ဆုတောင်းစာရေးပြီး လွှတ်တင်လိုက်တဲ့ မီးပုံးတွေကြောင့် ညကောင်းကင်ကြီးမှာ အရင်ကထက်ပိုလှပြီး လင်းနေလေသည်။
ထိုအလင်းများကလဲ ယွန်းဂျီ ဆိုတဲ့လူသားလေးမျက်နှာပေါ်တွင်လဲ ထင်ဟပ်နေသေးတာမို့ ဘေးတွင် ငေးကြည့်နေသော ကောင်လေးကသာအသိဆုံး
__________________"ဟုတ်ကဲ့ ကျွန်တော့်ကို အခေါ်လွှတ်လိုက်တယ်ဆိုလို့။ မင်းသား"
"ဟုတ်တယ်။ မင်းကို အကူအညီတောင်းမလို့။ ငါဒီနေ့ညနေ စာအုပ်တိုက်ကို ခဏလောက်သွားမလို့။ အဲ့တာ မင်းလိုက်ခဲ့ပေး။"
YOU ARE READING
Lee Yoon Gyi (Complete)
RomanceZaw Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine lay Uni Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine Lay