အပိုင်း(၂၁.၂)

5.9K 634 13
                                    


သူမကိုပုတ်ခတ်ပြောဆိုခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်က ရှက်ရှက်နဲ့တောင်းပန်လေသည်။
"ကျွန်တော်တကယ်ကိုတောင်းပန်ပါတယ်။
မစ်လီ"

"ဒါကအဆင်ပြေပါတယ်" သူမက ယဥ်ကျေးစွာပြန်ပြောလိုက်သည်။

သူမထံကခွင့်လွှတ်မှုအလွယ်တကူရတဲ့အတွက် သူကရယ်က

"လီရိုဘင်း မင်းကတော်တော်မနာလိုစရာကောင်းတာပဲ
မင်းမှာ ဒီလိုအံ့ဖွယ်ကောင်းပြီး လှပတဲ့သမီးမျိုးရှိနေတယ်"

လီရိုဘင်းက မုန်းတီးမှုတစ်၀က်နှင့် ခေါင်းညိတ်ကာ
"ကျေးဇူးပါ ကျေးဇူးပါ"

"ဟုတ်ပါ့ Mr.လီ ရှင့်ရဲ့သမီးအကြီးဆုံးက
အလှနဲ့ကျက်သရေမှာ စံပါပဲရှင်"

"ငါတို့က သူမကိုအရမ်းမကောင်းပြောခဲ့တာတောင် သူမကစကားတစ်လုံးပြန်မပြောခဲ့ဘူး။
သူမက ငါတို့ကိုခွင့်လွှတ်နိုင်တဲ့အထိ စိတ်နှလုံးသားကြီးမားလိုက်တာ"

"မစ်လီက အတွင်းရောအပြင်ပါလှတဲ့အမျိုးသမီးပဲ"

"သူမကလှရုံတင်မဟုတ်ဘူး
သမီးမိန်းကလေးတွေရဲ့ စံပြပဲ"

လီရုန့်လန်က လီရှောင်လုကို စူးစူး၀ါး၀ါးစိုက်ကြည့်ရင်း သူမလက်သည်းတွေ လက်ဖ၀ါးထဲ စိုက်၀င်သည်အထိ ဆုပ်ထားမိသည်။
သူမက ဒီလူတွေ ပြောသမျှကိုကြားပြီး အလွန်ဒေါသထွက်နေသည်။
သူတို့ကဒီမိန်းမပျက်ကို ချီးကျူးနေကြတာလေ။

ဘာဖြစ်သွားတာလဲ လူတိုင်းကသူမကိုပုတ်ခတ်ပြောဆိုပြီး စကားနဲ့နှိပ်စက်နေတာလေ။ ဘယ်လိုဖြစ်လို့ ချီးကျူးတဲ့ဘက်ပြောင်းသွားရတာလဲ။
အရာအားလုံးဒီလိုဖြစ်လာခဲ့ပြီ။ ဒါကြောင့်ကျိုးကြောင်းဆီလျော်ပြီး သူ့အစီအစဥ်သဲထဲရေသွန်မဖြစ်ဖို့အရေး တစ်စုံတစ်ခုကိုစဥ်းစားဖို့သာပို၍ကောင်းတော့သည်။

လီရှောင်လုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားရသည်။
သို့သော် ဘာမှားနေမှန်းသူမမသိပေ။ပထမဆုံး, ချန်းယုဖန် ဖုန်းဆက်တာတောင် လူရွေးပွဲသွားဖို့ သူမငြင်းခဲ့သည်။ အဲ့ဒီနောက်သူမကဒီနေ့ သူမရဲ့မျက်နှာအစသ်ကိုထုတ်ပြပြီး သူမရဲ့တည်ရှိမှုကိုပါ ဖွင့်ချခဲ့သည်။
ဒါတွေက တိုက်ဆိုင်မှုသက်သက်လား?

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Where stories live. Discover now