အပိုင်း ၅၁

91 4 0
                                    

၅၁

ထိုအခိုက်အတန့်တွင် လီအိမ်တော်၌.......,

လီရုန့်လန်အိမ်ထဲကို၀င်လိုက်သည်နှင့်
လူတိုင်းသူမ၏ဒေါသနှင့်ရင်ဆိုင်ကြရတော့သည်။သူမလက်တွင်ကိုင်နိုင်သမျှအရာအားလုံးကိုပစ်ခွဲပြီး အိမ်ကိုအပေါ်အောက်လှန်ပစ်တော့သည်။

"သူမဘယ်လိုသတ္တိတွေရှိနေတာလဲ...ငါအဲ့ဒီ့မိန်းမပျက်ကိုသတ်မယ်"
သူမက သူမအမေရဲ့တန်ဖိုးကြီးပန်းအိုးကိုရိုက်ခွဲရင်းအော်ဟစ်လို့နေသည်။

ခွမ်း**နောက်ထပ်တန်ဖိုးကြီးတစ်ခုလည်းကွဲကြေသို့သွား၏။

"ငါသူမကို ငရဲရောက်အောင်ပို့ပစ်မှာ"
ထိုအရာကခနိးမအတွင်းရှိ အိမ်စေများနှင့်အစေခံများကို ကြောက်ရွံ့သွားစေဖို့လုံလောက်ပေ၏။

အိမ်တော်ထိန်းရှုအပါအ၀င် အိမ်စေတွေအားလုံးက သူတို့၏ သခင်မလေးဒေါသကိုကြောက်ရွံ့လို့နေသည်။ သူတို့၏သခင်မလေးသည် မာနကြီးပြီးသူမကိုယ်သူမတော်၀င်တစ်ပါးကဲ့သို့ပြုမူလေ့ရှိကြောင်း အိမ်တွင်းရှိလူတိုင်းသိသည်။

ဆူညံသံများကြားသည့်အတွက် လီရိုဘင်းနှင့်သူ့ဇနီးယုရူရှီ အောက်ထပ်သို့ဆင်းလာကြပြီး သူတို့၏ချစ်လှစွာသောသမီးလေး ဒေါသအပြည့်နှင့်ပစ္စည်းများခွဲနေသည်ကိုသာမြင်လိုက်ရသည်။

ဖန်ကွဲစများကိုရှောင်ရှားပြီးနောက် သူ၏အဖိုးတန်သမီးလေး ဆီသို့ဂရုတစိုက်သွားလိုက်သည်။"ဘာဖြစ်လာတာလဲ ရတနာလေး...ဖေဖေ့ကိုပြော...ဘာကသမီးကိုဒီလောက်ဒေါသထွက်စေရတာလဲ... ချန်းယုဖန်လား...သူသမီးကိုဘာလုပ်လို့လဲ"

သူ့သမီးလေး ဤမျှဒေါသထွက်သည်ကိုသူတစ်ခါမျှမမြင်ခဲ့ချေ။ ဘာသောက်ရေးမပါတာတွေဖြစ်နေတာလဲ....ဒီနေ့ကသူမ၏ဖွင့်ပွဲနေ့ဖြစ်သဖြင့် အဲ့ဒီအရာနှင့်တစ်ခုခုဆက်နွှယ်နေလိမ့်မည်။

"ရုန့်လန် ဖွင့်ပွဲမှာတစ်ခုခုဖြစ်ခဲ့လို့လား"
ယုရူရှီက သူမသမီးချောလေးအတွက် ပူပန်ရင်းမေးလိုက်သည်။

သူမအဖေ၏အသံကြားပြီးနောက်
လီရုန့်လန်ဒေါသစိတ်ကနေ ဝုန်းဒိုင်းကြဲသွားပြီး သူမအဖေ၏လက်မောင်းကြားသို့ တိုး၀င်လိုက်သည်။ "အဲ့ကောင်မပဲ ထပ်ပြီးတော့..."
သူမအော်ငိုတော့၏။

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Where stories live. Discover now