အပိုင်း(၂)

11.7K 759 12
                                    


"အဖေ အမေ ကျွန်မက လီအိမ်ရဲ့သမီးအကြီးဆုံးပါ။
ဘာလို့ကျွန်မကို ဒီလိုဆက်ဆံတာပါလဲ"သူမရဲ့ မိဘတွေကိုကြည့်ပြီး မေးလိုက်သည်။

ထို့နောက်သူမနဲ့ချစ်ကျွမ်း၀င်ခဲ့တဲ့ အမျိုးသားချန်းယုဖန်ကိုကြည့်လိုက်သည်။

"ချန်းယုဖန် ဒီနေ့ကကျွန်မတို့ရဲ့မင်္ဂလာပွဲလေ။
ရှင်ဘာလို့အခုလို နေနိုင်ရတာလဲ။
ရှင်ကျွန်မကို ချစ်ခဲ့တယ်မဟုတ်လားဟင်"

ချန်းယုဖန်က သူ့မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ ဖြစ်ပေါ်မနေဘဲ သူမအားသူစိမ်းတစ်ယောက်ကဲ့သို့ အေးစက်စွာစိုက်ကြည့်လေသည်။
လှောင်ရယ်သံကို ရုတ်တရက်ကြားလိုက်ပြီး
သူမလှည့်ကြည့်လိုက်တဲ့အခါ ရုန်လန်နဲ့ ရွှယ်မင်ကလျှောက်လာနေလေသည်။

ရုန်လန်က ချန်းယုဖန်ဆီပြုံးပြုံးလေးလှမ်းလျှောက်သွားပြီး
သူ့လက်မောင်းကို ချိတ်လိုက်ကာ နှုတ်ခမ်းလေးစူကာချွဲလေတော့သည်။

"အကိုယုဖန် ရှင်ချစ်တဲ့လူက သူမ လား ကျွန်မလား"

ရုန်လန်ပြောသည်ကိုကြားသည်နှင့် ချင်းယုဖန်ကပြုံးပြီး သူမနဖူးကိုငြင်သာစွာနမ်းရှိုက်ကာ
"ဒီနေ့ကကိုယ်တို့မင်္ဂလာပွဲနေ့လေ ဘာအရေးမပါတာတွေပြောနေတာလဲ"

ရှောင်လုဖြစ်ပျက်နေတာတွေကို နားမလည်နိုင်စွာ ရပ်ကြည့်နေမိသည်။ ရုန်လန်ကသူမကို ရွံရှာဟန်စိုက်ကြည့်ပြီးတစ်စုံတစ်ခုပြုလုပ်ရန် အမူအရာပြလိုက်လေသည်။

ရှောင်လု သူမလက်မောင်းက နာကျင်မှုကိုခံစားရလာပြီး လက်မောင်းထဲကိုတစ်စုံတစ်ရာနဲ့ ထိုးသွင်းနေတဲ့ အစောင့်ကို ကြည့်လိုက်သည်။ ထို့နောက်သူမ မျက်တွေ၀ါးလာပြီး ခေါင်းထဲတွင်ရီ၀ေ၀ေခံစားမှုစတင်လာသည်။
ခနအကြာတွင်သူမ၏ မျက်လုံးများဖွင့်ရန်ပင်ခက်ခဲလာပြီး အရာခပ်သိမ်းအမှောင်ကျသွားလေတော့သည်။

ရှောင်လုမျက်လုံးများ ပွင့်လာပြီးပတ်၀န်းကျင်က်ို၀ေ့၀ဲကြည့်လိုက်သည်။
သူမယခုရောက်နေသောနေရာသည် အေးစက်မည်းမှောင်နေပြီး သူမကိုထိုင်ခုံတစ်လုံးနှင့်ပူးတွဲကာ တုပ်ချည်ထားလေသည်။

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Nơi câu chuyện tồn tại. Hãy khám phá bây giờ