အပိုင်း(၂၄)

5.2K 514 11
                                    

လီရှောင်လု သူမနောက်တွင်ရပ်နေသည့်
ကိုလူချောကိုကြည့်လိုက်သည်။

သူ သိပ်ခန့်ညားတာပဲ!

သူ့အကြောင်းကို အော်ဟစ်ပြောရမယ်ဆိုရင်တော့ 'ပြည့်စုံတယ်' ဆိုတဲ့တစ်ခုပဲ။
မိန်းကလေးတစ်ယောက်ရဲ့အလှဟာ တိုင်းပြည်များစွာပျက်စီးနိုင်တယ်လို့ဆိုကြတယ်။ ဒါပေမယ့် ဒီလူရဲ့ခန့်ညားမှုက ကမ္ဘာတစ်ခုလုံးရဲ့အရှင်သခင်ကဲ့သို့ဖြစ်ပေသည်။

သူ့ပတ်လည်မှာ ဖော်ပြမရနိုင်သည့် အရှိန်အဝါမျိုးရှိနေသည်။ ဒီအမျိုးသား၏ ညိှု့ဓာတ်ပါသည့် မျက်၀န်းများကိုဖျတ်ခနဲကြည့်လိုက်လျှင်တောင်မှ သူမရဲ့ဝိညာဥ်ကိုစုပ်ယူသွားသလိုခံစားရစေသည်။

"ရှင် ဘယ်လိုသိလဲ"
သူမကအနည်းငယ် လှုပ်ရှားရင်းမေးလိုက်သည်။ ကျန်းကျစ်ဟန် သူမယိမ်းထိုးသွားတာကိုကြည့်ကာ မျက်ခုံးပင့်ပြီး
"ကိုယ့်မှာ မျက်လုံးကောင်းတွေရှိတယ်လေ"

လီရှောင်လုက ရယ်ကာ
"ဟုတ်တာပေါ့ ရှင့်မျက်လုံးကလူတစ်ယောက်ရဲ့ဝိညာဥ်ကို စွဲဆောင်ညိှု့ယူနိုင်တဲ့အထိ
ဖမ်းစားနိုင်တာကိုး"

သူ့ဘ၀မှာ လူပေါင်းများစွာကသူ့အကြည့်ကို
ချီးကျူးကြသည်။ ပြီးတော့ သူကိုယ်တိုင်လည်းသိသည်။ ဒါပေမယ့် သူမဆီကဒီချီးကျူးမှုတစ်ခုကတော့ သူဟာကမ္ဘာထိပ်ဆုံးမှာ ရှိနေသကဲ့သို့ပင် ခံစားရစေသည်။

သူမကသောက်ထားသည့်အတွက် ခေါင်းကအနည်းငယ်ရီဝေဝေခံစားနေရပြီး ယိမ်းထိုးနေတော့သည်။ သူမလဲကျမလိုဖြစ်သွားသည့်အတွက် ထိန်းပေးရန်လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူမကသူမကိုယ်သူမပြန်ထိန်းထားနိုင်လေသည်။

ကျစ်ဟန်သူ့ရဲ့ဆန့်ထုတ်လိုက်သည့်လက်ကိုကြည့်ရင်း စိတ်ထဲတွင်ဗုံးအသေးစားလေးပေါက်သွားခဲ့သည်။ ထို့နောက်မျက်မှောင်ကြုတ်ကာ သူမကိုကြည့်လိုက်သည်။ သူမသောက်ထားတာလား!
သူကသူမအနားသို့ တိုးကပ်သွားပြီး
ခေါင်းငုံ့ကာ သူမနားမှာအနံ့ခံလိုက်သည်။

ဘာ ...အရက်နံ့မှမရဘူး!

အဲ့ဒီနောက်သူမလက်မှာကိုင်ထားသည့် ၀ိုင်ခွက်ဆီအကြည့်ရောက်သွားတော့သည်။

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)حيث تعيش القصص. اكتشف الآن