အပိုင်း၄၇

433 22 0
                                    


အစမှအဆုံးထိ လူတိုင်းသူတို့၏အာရုံစိုက်မှုကိုအပြည့်အ၀ထည့်ထားကာ ဗီဒီရိုကိုကြည့်နေကြသည်။

ခြောက်ခြားဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်နေပြီး အသက်ရှူသံလေးတစ်ခုတောင်မျှမကြားရချေ။ ဗီဒီရိုပြပြီးပြီးချင်း စခရင်မ်ကအနက်ရောင်သို့ပြောင်းသွားတော့သည်။

ဒါရိုက်တာရီနဲ့ရန်းမီကအကုန်မြင်ပြီးဖြစ်ပေမယ့် မကူနိုင်စွာပဲ စိတ်လှုပ်ရှားမှုကြောင့် နှလုံးသားကခုန်လာကြသည်။ လူတိုင်းလည်းသရုပ်ဆောက်မှုကိုကြည့်ပြီးနောက် ကြက်သီးတဖြန်းဖြန်ထလာ၏။ ဒီလောက်မိုက်တဲ့ သရုပ်ဆောင်စကေးကြီးက.....

ဟေး ဘာလို့ရပ်ပစ်ကြတာလဲ?
ငါတို့ထပ်ကြည့်ချင်သေးတယ်လေ ...လူတိုက်းသူတို့နှလုံးသားအောက်ခြေကနေ အော်ဟစ်နေကြ၏။

မိုက်ကိုယူကာ ရန်းမီးမေးလိုက်သည်။
"အခု လီရှောင်လုရဲ့ ရန်ဘက်နေရာသရုပ်ဆောင်မှုမှာ ပြဿနာရှိသေးလား? "

ပြဿနာ...ဘာပြဿနာကရှိရဦးမှာလဲ?
ရှောင်လုကိုကြည့်ပြီး သူတို့တကယ်ပဲမေးချင်နေသည် သူမလုသစ်ရောဟုတ်လို့လား.....

သူမကဘယ်ရုပ်ရှင်မှာမှ သရုပ်မဆောင်ဖူးတာသေချာလို့လား။သူမကသိပ်အရည်အချင်းရှိပြီး သူမရဲ့သရုပ်ဆောင်စကေးကလည်း ရှယ်ကြီး....သူမက အတွေ့အကြုံရှိတဲ့ ဘယ်သရုပ်ဆောင်မင်းသမီးတွေထက်မှ အောက်ကျမနေဘူး.......

ကြက်သေသေနေသည့် လူတိုင်းကိုကြည့်ကာ ရန်းမီသရော်လိုက်သည်။ သူမဘော့စ်ဟုကိုပြရန် လူရွေးပွဲခွေကိုကူးလာခဲ့မိတာ ကောငါးသွားတာပဲ။ အဲ့ဒါကအခုလို အသုံး၀င်လာလိမ့်မယ်လို့ ဘယ်သောအခါမျှမမျှော်လင့်ဖူးပေ.......

ရန်းမီအသံကိုကြားပြီးနောက် လူတိုင်း မိန်းမောနေရာမှနိုးလာကြသည်။ ကျယ်လောင်သည့်လက်ခုပ်သံကဟောခန်းတစိလျှောက်ထွက်ပေါ်လာပြီး ပရိတ်သတ်တွေ သတင်းထောက်တွေနဲ့ တက် ရောက်လာသူတိုင်းလက်ခုပ်တီးကြတော့သည်။

လီရှောင်လုနဲ့ရန်းမီပင်ကြက်သေသေသွားခဲ့ရသည်။ ဒါက အသစ်လေးတစ်ယောက်ရဲ့ လုရွေးပွဲခွေကိုကြည့်ပြီး လက်ခုပ်တီးသြဘာပေးတာ ပထမဆုံးအကြိမ်ပဲဖြစ်လိမ့်မည်။

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Where stories live. Discover now