အပိုင်း၅၂

220 10 2
                                    

၅၂

ယုရူရှီက ဖုန်းအကြိမ်များစွာခေါ်နေပေမယ့်ကျရှုံးခဲ့သည်။သူမသက်ပြင်းချကာ သူမယောကျ်ညးကိုကြည့်လိုက်သည်။
"သုမ မကိုင်ဘူး"

"ဆက်ခေါ်နေ..."သုအမိန့်ပေးသည်။

ထိုအချိန် ရေကန်အိမ်ကလေး၌...,

ကျန်းကျစိဟန်နှင့်လီရှောင်လုတို့ သူတို့၏နေ့လည်စာကိုအေးချမ်းစွာသုံးဆောင်နေကြသည်။ လီရှောင်လုက လှပသည့်ပတ်၀န်းကျင်တွင်စားသောက်နေရ၍ အလွန်ပျော်ရွှင်လျက်ရှိသည်။

"ကျွန်မကို ဒီနေရာခေါ်လာပေးတာကျေးဇူးတင်ပါတယ်" လီရှောင်လုက ကျစ်ဟန်ကိုကျေးဇူးတင်လိုက်သည်။

"မင်းကြိုက်လား?"

သူမေးသည်နှင့်လီရှောင်လုခေါင်းညိတ်ကာ
"ကျွန်မကြိုက်တာပေါ့...ဒီနေရာကကျွန်မဘ၀မှာမြင်ဖူးသမျှထဲကအလှဆုံးပဲ"

သူမပျော်ရွှင်သည်ကိုမြင်သည့်အခါ သူပါ၀မ်းမြောက်ရ၏။ "နောက်တစ်ခါ မင်းလာချင်ရင်ကိုယ့်ကိုပြောလိုက်ရုံပဲ...ကိုယ်မင်းလေးကိုခေါ်လာပေးမယ်"

လီရှောင်လုမျက်လုံးလက်သွားပြီး စိတ်လှုပ်ရှားစွာမေးလာသည်။

"တကယ်လား...."

"အမ်း.."သူကချက်ချင်းပဲခေါင်းဘိတ်လိုက်သည်။ သူမပြောပြသည့်အရာ ဒီနေရာကသူမနာမည်အောက်တွင်ရှိနေကြောင်းပင်.....
သူမကဒီနေရာ၏ ပိုင်ရှင်ဖြစ်ပြီး သူမအတွက်မင်္ဂလာဦးလက်ဆောင်ဖြစ်၏။

နေ့လည်စာစားပြီးနောက် အိမပတ်လည်ကိုလျှောက်ကြည့်ရန် လီရှောင်လုထရပ်လိုက်သည်။ အိမ်ကလေးသည် ကျေးလက်ဒီဇိုင်းနှင့်လှပသောအိမ်လေးဖြစ်သည်။သူမကတက်ကြွစွာဖြင့်အိမ်၏အခန်းတိုက်းကို၀င်ကြည့်စဥ်တွင် ကျစ်ဟန်ကသူမနောက်မှာနာခံစွာလိုက်လို့လာသည်။

"ကျစ်ဟန် ဒီရောကဘဟ်နေရာလဲ"
သူမကသိချင်စိတ်ပြင်းစွာမေးသည်။

"ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲကတစ်ခုပေါ့" သူကသူတို့လက်ကိုကြည့်ကာ ပြုံးရင်းဖြေသည်။ သူ့လက်ကိုကိုင်ထားမိသည်ကိုတော့ လီရှောင်လုလုံး၀သတိမပြုမိပါချေ။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Sep 25 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Nơi câu chuyện tồn tại. Hãy khám phá bây giờ