အပိုင်း(၂၃.၂)

6K 599 22
                                    

လီရုန့်လန်က တခစ်ခစ်ရယ်ပြီး
"မမ ဒါကsuprise
ငါနင့်ကိုပြောမှာမဟုတ်ဘူး"

ငါပြောလိုက်ရင် နင်မယုံနိုင်ဖြစ်ပြီးနှလုံးရပ်သွားမှာပေါ့......

"ကောင်းပြီ နင့်သဘောပါပဲ"
သူမကပြုံးကာပင်ဖြေလိုက်သည်။

"ဒါပေမယ့် နင်ဂရုတော့စိုက်ရမယ် ရုန့်လန်"

လီရုန့်လန်က ပဟေဠိဖြစ်သွားသည့်အတွက်
သူမကိုမေးလိုက်သည်။

"မမနင်ဘာကိုဆိုလိုတာလဲ "

"လီရုန့်လန် နင်မသိဘူး။
ဒီနေ့ခေတ်မျိုးဆက်ရဲ့ ကောင်လေးအားလုံးကမြာပွေတဲ့လူတွေပဲ။
(ဘာတဲ့လဲသမီးတော်တို့)
သူတို့က သူ့တို့အချစ်ပင့်ကူအိမ်မှာ ရိုးသားတဲ့မိန်းကလေးတွေကိုဖမ်းပြီး အခြားတသ်ဘက်မှာတော့ အငယ်အနှောင်းများစွာက်ိုထားဆဲပဲ။ သူတို့က သူတို့ရဲ့မြာပွေတဲ့အခြမ်းကိုကျွမ်းကျင်စွာ ဖုံးကွယ်ထားကြတယ်။
ဒါကြောင့် နင်သစ္စာဖောက်ခံရရင်တောင် သိလိုက်မှာမဟုတ်ဘူး။ လူတိုင်းက ချန်းယုဖန်လို ကတိသစ္စာရှိပြီးတည်ကြည်မှာမဟုတ်ဘူး။  ဟုတ်တယ်မလား ချန်းယုဖန်"
သူမကလီရုန့်လန်ကိုပြောရင်း ချန်းယုဖန်ကို
တစ်ဆက်တည်းမေးလိုက်သည်။

"ဟက် ဟုတ်တ်တာပေါ့
ဟုတ်တာပေါ့ မင်းဂရုစိုက်သင့်တယ်။"
သူမရဲ့စကားတွေကိုကြားသည့်အခါ
ရုတ်တရက် မသက်မသာခံစားလိုက်ရသည်။

လီရုန့်လန်ကရယ်ကာ "စိတ်မပူပါနဲ့မမ သူကအဲ့လိုလူမျိုးမဟုတ်ပါဘူး"

ရှောင်လုကခေါင်းညိတ်ကာ
"သူကအဲ့ဒီလိုမဟုတ်ရင်ကောင်းတာပေါ့။
နင်သိလား ငါတစ်ခါတုန်းကဖတ်ခဲ့တဲ့စာအုပ်ထဲမှာ  လူတစ်ယောက်ထဲကိုချစ်တဲ့ သွေးတစ်၀က်နှောညီအစ်မတွေရှိတယ်။
ဒါပေမယ့် ကောင်လေးက အငယ်ကိုပိုချစ်တယ်။ အစ်မကြီးက ကလိမ်ဥာဏ်ကျပြီး ကောင်လေးကိုသွေးဆောင်ဖို့ ကြိုးစားပြီး
သူတို့က သူမရဲ့ရှေ့မှာပဲ အချစ်ဇာတ်ခင်းဖို့ ကြိုးစားကြတယ်။ ပြီးတော့ အဲ့ကောင်လေးက ငတုံးတစ်ယောက်ဖြစ်နေပြီး ညီအစ်မနှစ်ယောက်စလုံးကိုယူချင်နေခဲ့တယ်။
ဒါ့ကြောင့် နင်ဂရုစိုက်ရမယ် ရုန့်လန်။"

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Nơi câu chuyện tồn tại. Hãy khám phá bây giờ