အပိုင်း ၃၁

4.3K 452 1
                                    

"ဒါပေါ့ ငါ့ကလေးလေး"ယုရူရှီကပြုံးကာ သူမ၏အတုယောင်အမေချစ်ခြင်းကိုပြသနေသည်။ လီရှောင်လုက သူမဘေးကထိုင်ခုံကိုဆွဲယူလိုကိပြီး ပြုံးပြလိုက်သည်။

လူတိုင်းမနက်စားကိုစတင်စားကြတော့သည်။လီရှောင်လုစားဖို့ဟန်ပြငစဥ်တွင် တစ်စုံတစ်ယောက်ကသူမကိုစိုက်ကြည့်နေသလိုခံစားသွားရ၏။ သူမမော့ကြည့်လိုက်သည့်အခါ လီရုန့်လနိကပြုံးပြကာ
"မမ နင်တစ်နေရာသွားမလို့လား"

လီရှောင်လုက ခေါင်းခါကာ
"မဟုတ်ဘူး.......ဘာလို့လဲ"

လီရုန့်လန်က ပခုံးတွန့်ကာ
"နင်က ဒီလို၀တ်စားထားပြီး အရမ်းလှနေတော့တစ်နေရာရာသွားမှာထင်နေတာ"

"မဟုတ်ပါဘူးဟယ်။
အခုဆိုလူတိုင်းက ငါ့တည်ရှိမှုကိုသိနေကြပြီလေ။ ဒါကြောင့် လီမိသားစုရဲ့ပုံရိပ်ကိုငါထိန်းသိမ်းရမယ်လေ"

လီရိုဘင်းကရယ်ကာ
"ဟား ဟား ရှောင်လုမှန်တယ်။
လူတိုင်းက မင်းရဲ့တည်ရှိမှုကိုသိနေကြပြီလေ။ မင်းပုံရိပ်ကိုထိန်းသိမ်းရမယ်"

"ဟုတ်ကဲ့ အဖေ"
လီရှောင်လု ခေါင်းညိတ်ကာဖြေလိုက်သည်။

"ပြီးတော့ ဒီထက်ပိုပြီးဂရုစိုက်ရမယ်"
လီရိုဘင်းက ထပ်မံသတိပေးလိုက်၏။

"ကျွန်မသိတယ် အဖေ။
ကျွန်မရဲ့တည်ရှိမှုကို ထိန်းသိမ်းထားပြီးဘယ်တော့မှ ထုတ်ဖော်မပြရဘူးဆိုတာ။
ဒါပေမယ့် သူတို့ကျွန်မမိဘတွေကိုပုတ်ခတ်စော်ကားလာတာတော့ ကျွန်မသည်းမခံနိူင်ဘူး။ တောင်းပန်ပါတယ် အဖေ။"

"ဒါဆိုရင် ဘာလို့အစကတည်းကအဲ့နေရာကိုလာခဲ့သေးလဲ" လီရုန့်လန်က သရော်လိုက်သည်။ သူမက အေးချမ်းသည့်မတက်စာတစ်နပ်ကိုစားချင်တာသာဖြစ်ပြီး အဲ့ဒီမိန်းမပျက်မျက်နှာက်ိုမြင်ရသည့်အခါ လီရုန့်လန့်ရဲ့စားချင်စိတ်တို့ကုန်ဆုံးသွားခဲ့ပြီ။

လီရိုဘင်းက သူမကိုဆူတော့၏။
"ရုန့်လန် သူမကမင်းအစ်မ။
ကိုယ့်အစ်မကို အဲ့သလိုပြောရသလား....."

"အဲ့ဒါကိုလူတိုင်းသိတယ်။
ဒါသူမအမှားပဲ.... သူမဘာလို့အဲ့ကိုလာခဲ့ပြီးအဲ့လို၀တ်စားထားခဲ့လဲ" လီရုန့်လန်က
စောတကတက်လေသည်။" သူမသာမလာခဲ့ရင် သူမတည်ရှိမှုကိုလည်းထုတ်ဖော်ပြီးသာမဖြစ်ဘူးလေ ဟုတ်တယ်ဟုတ်"

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Nơi câu chuyện tồn tại. Hãy khám phá bây giờ