အပိုင်း ၃၆

4.4K 419 0
                                    

Ceoကျန်းကနင့်ကိုကြိုက်နေတာ....

အကြောင်းပြချက်တစ်ချို့ကြောင့် အဲ့ဒီစာကြောင်းက သူမနှလုံးခုန်မြန်လာစေသည်။
သူတို့ရဲ့အပြန်အလှန်အပြုအမူတွေကိုစဥ်းစားပြီးနောက် လီရှောင်လု လှောင်ပြုံးပြုံးလိုက်သည်။
"မဖြစ်နုင်ပါဘူး အစ်မရန်းမီ။
အစ်မ အတွေးလွန်နေတာပဲဖြစ်မှာ"

"ငါတော့ အဲ့လိုမထင်ဘူးရှောင်လု"
ရန်းမီကခေါင်းရမ်းကာချက်ချင်းငြင်းဆန်လာသည်။ "ငါမြင်ရတာနဲ့ သူနင့်ကိုကြိုက်နေတယ်ဆိုတာ တွေးကြည့်လို့ရတယ်။ အဲ့ထက်တောင်ပိုချင်ပိုနေမှာ ..."

ရန်းမီ့မျက်နှာပေါ်က ယုံကြည်မှုရှိတဲ့မျက်နှာကိုကြည့်ပြီး သူမအနည်းငယ်ဖိစီးသွားသည်။
"အစ်မရန်းမီ ဘာလို့အဲ့လောက်တောင်သေချာနေရတာလဲ။ သူ့ဘေးမှာကောင်းမွန်ပြီးအရည်အချင်းရှိတဲ့ အမျိုးသမီးတွေဒီလောက်များတာ။ သူကျွန်မကိုကြိုက်မဟ်လို့ထင်နေတုန်းလား"

"ရှောင်လု ငါCEOကျန်းတစ်စုံတစ်ယောက်အတွက် ပြုံးတာရယ်တာ တစ်ခါမှမမြင်ဖူးဘူး။ သူက လူတွေပေါ်မှာ အရမ်းအေးစက်တာ။ သူက အသန့်ကြိုက်တဲ့သူတစ်ယောက်ဖြစ်တယ် ပြီးတော့ သူ့ဆီကိုလူတွေချဥ်းကပ်လာတာမလိုလားဘူး။ အထူးသဖြင့် အမျိုးသမီးတွေပေါ့..ဒါပေမယ့် နင့်အပေါ်မှာတော့ အရမ်းကိုကွာခြားလွန်းတယ်...."
ရန်းမီ ရှင်းပြလေသည်။

"သူ့မှာ သမီးရည်းစားဆက်ဆံရေးမရှိခဲ့သလို
ဘယ်မိန်းကလေးနဲ့မှ မချိတ်ဆက်ခဲ့ဘူ။နင်ပြောသလိုဆို သူ့နားမှာကောင်းတဲ့အမျိုးသမီးတွေအများကြီးပဲလေ သူဘာလို့လူပျိုကြီးဖြစ်နေမှာလဲ"

လီရှောင်လုကပခုံးပင့်ကာ
"အဲ့ဒါက ကျွန်မကိုကြိုက်တယ်လို့မဆိုလိုဘူးလေ"

"ငါသူ့မျက်လုံးထဲမှာ မြင်နေရတယ်ရှောင်လု။ နောက်တစ်ခါသူနဲ့တွေ့တဲ့အခါ သူ့မျက်လုံးကိုကြည်ပါ။နင်လည်းပဲ မြင်မှာပါ"
ရန်းမီပြောလိုက်သည်။

"ဟင့်အင်း အစ်မရန်းမီ ကျွန်မမချစ်ချင်တော့သလို သူ့မျက်လုံးကိုကြည့်မှာလဲမဟုတ်ဘူး။
ကျွန်မအတွက်တော့ သူကအရှက်မရှိတဲ့နှာဘူးကောင်သက်သက်ပဲ!!"

  ခင်ပွန်းသည်၏ အလိုလိုက်ခြင်းခံရသော ဇနီး(SECRET MARRIAGE)Where stories live. Discover now