(Unicode)
" Jennie ရှုတင်ပြီးရင် နောက်ကားတစ်ကားအတွက် Producer နဲ့တွေ့ရမယ်နော် သူ့ရုံးကို သွားရမှာ "
" ဟုတ်ကဲ့ အမ Nora "
Jen ဝါသနာပါသော ရုပ်ရှင်ရိုက်ခြင်းကလွဲလို့ ဘယ်အရာကမှ သူမကိုပျော်ရွှင်အောင် မလုပ်နိုင်တော့ ။ လွန်ခဲ့သော လေးနှစ် သူမချစ်ရတဲ့ကောင်မလေး သူမဘဝထဲက ထွက်ခွာကတည်းက သူမပျော်ရွှင်မှုတွေ ပျောက်ဆုံးလျက်ရှိသည် ။
တကယ်တော့ ထွက်သွားခဲ့တယ်ဆိုတာထက် Jen ကိုယ်တိုင်နှင်ထုတ်ခဲ့တယ်ဆိုလျှင် ပို၍မှန်လိမ့်မည် ။ မလွှဲသာသော အကြောင်းတရားများကြောင့် ...။
ရိုက်ကူးရေးပြီးသောအခါ Jen သူမ၏ manager ဖြစ်သော အမ Ha Nora ရယ် Daniel ရယ်နှင့်အတူ ထွက်လာခဲ့ကြသည် ။ သတင်းထောက်များရန်က ကင်းဝေးစေရန်လည်း သတိထားခဲ့ရသေးသည် ။
Producer နှင့်တွေ့သောအခါ ဇာတ်ညွှန်းပါတစ်ခါတည်း ရခဲ့သည် ။ Jen ဇာတ်ညွှန်းအကျဉ်းချုပ်နှင့် cast များကိုကြည့်ကာ စဉ်းစားနေသည် ။ ထို့နောက် သူမ၏မန်နေဂျာများနှင့် တိုင်ပင်ကာ ဇာတ်ကားရိုက်ရန် confirmed လိုက်သည် ။
Producer ၏ ရုံးခန်းသည် ဒုတိယထပ်တွင်ရှိသောကြောင့် ဘေးဘီဝဲယာကို Jennie မျက်စိကစားကြည့်ရင်း မျက်နှာချင်းဆိုင်မှ အသစ်စက်စက်နှစ်ထပ်တိုက် အဆောက်အဦးတစ်ခုကို သတိထားမိလိုက်သည် ။ တစ်ဆက်တည်းမှာပင် Jen အသည်းအသက်တစ်မျှ ချစ်ရပါသည်ဆိုသော သူမ၏ကလေးလေးအား ရိပ်ခနဲတွေ့လိုက်ရသည် ။
" Jennie !!"
အမ Nora ခေါ်လိုက်မှ သတိပြန်ကပ်ကာ အားတုံ့အားနာပြုံးပြလိုက်သည် ။ Jen တစ်ခုခု သိလိုသိငြား producer ကိုမေးကြည့်လိုက်သည် ။
" ဒါနဲ့ မျက်နှာချင်းဆိုင် အဆောက်အဦးက အခုမှ အသစ်ဆောက်ထားတာလားဟင် ?"
" ဟုတ်တယ် အကြမ်းဖျင်းဆောက်ထားပေမယ့် အတွင်းပိုင်း အပြင်အဆင်တွေကတော့ ပိုင်ရှင်စိတ်ကြိုက်ဆောက်ထားတာခုမှပြီးတာ မူလပိုင်ရှင်က ပြန်ရောင်းသွားခဲ့တာလေ "
" ဪ ဒါနဲ့ အဲဒီမှာ ဘာဆိုင်ဖွင့်မလို့လဲဟင် ? ကြည့်ရတာ ဆိုင်တစ်ခုခုဖွင့်မယ့်ပုံပဲ "
YOU ARE READING
For Chaeyoung 🖤 Completed
Romance" Chaeyoung ရယ် မင်းကိုနာကျင်စေခဲ့မိတဲ့အတွက် တို့တကယ်တောင်းပန်ပါတယ် ။ ဒါပေမယ့်လေ မင်းအတွက် တို့အမြဲရေးပေးခဲ့တဲ့ For Chaeyoung 🖤 ဆိုတာလေးက အဓိပ္ပါယ်ရှိပါတယ် ။ တို့ကအမြဲ Chaeyoung အတွက်ပါ ဆိုတဲ့ အဓိပ္ပါယ်ပါ ကလေးရယ် .... " - Jennie Kim " Chaeng က Jen...