(Unicode)
Flashback starts >>>>>>
" Hello "
" Hello ဟုတ်ကဲ့ Jennie Kim ပါလား "
" ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး "
" ဪ Park Chaeyoung ဆိုတဲ့တစ်ယောက် *** bar က VIP အခန်း ** မှာရောက်နေလို့ အကြောင်းကြားခိုင်းလို့ပါ "
Chaeyoung ဆိုသည့်နာမည်ကိုကြားရုံနှင့် ဘယ်သူက အကြောင်းကြားခိုင်းတယ်ဆိုတာကို မမေးတော့ဘဲချက်ချင်း ကားသော့ဆွဲကာထွက်လာခဲ့သည် ။
💭 အလုပ်ကိစ္စများအဆင်မပြေလို့ Bar မှာသောက်ပြီး မူးနေတာလား ? ဒါမှမဟုတ် Bar မှာ ပြဿနာဖြစ်လို့လား ? 💭
Jen အတွေးပေါင်းများစွာဖြင့် ထို Bar သို့လာခဲ့သည် ။ မင်းသမီး Kim Jennie ည ၁၀ နာရီလောက်ကြီး Bar ကိုလာတယ်ဆိုပြီး နာမည်ပျက်မှာစိုးလို့ Mask တပ်ပြီး hoodie ဝတ်ထားရသေးသည် ။
သူပြောတဲ့ အခန်းရှေ့ကိုရောက်တော့ Jen မြင်ဖူးနေကျ Jung Hae Min ၏ Bodyguard တွေကိုမြင်လိုက်တော့ စိတ်ကထိတ်ခနဲ ပူသွားသည် ။ ဒီကောင် ကလေးကိုဘာတွေများ လုပ်ကြံနေတာပါလိမ့် ?
Bodyguard တွေက Jen မှန်းသိတော့ ချက်ချင်းဝင်ခွင့်ပေးသည် ။ သူတို့ဆရာလက်ထပ်မယ့်သူဆိုတာကို သိနေကြတာကိုး ။
တံခါးဖွင့်ပြီး စိုးရိမ်စိတ်နဲ့ဝင်အသွား မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Jen ပြိုလဲမသွားအောင် ရပ်တည်နေရသည် ။ သူမချစ်ရတဲ့ ကလေးငယ်က စားလက်စကနေ မော့မကြည့်ဘဲ Yuki ဆိုတဲ့နာမည်ကိုခေါ်ပြီး စကားပြောနေသည် ။
မော့ကြည့်လိုက်လို့ Jen ကိုမြင်တော့ အရမ်းအံ့ဩသွားပုံရသည် ။ မော့ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ လည်ညှပ်ရိုးနားက အသားဖြူဖြူပေါ်မှာ အနီရဲရဲ Marking ရာကထင်းခနဲ ။ ဘေးနားမှာ Hae Min က မူးပြီးအိပ်နေတာလား မသိ ။
Jen ရင်ဘတ်တွေစုတ်ပြတ်သွားသလိုခံစားရသည် ။ ခုချိန်မှာ သူမဘာစကားကိုမှမကြားချင် ။ ထို့ကြောင့် သူမစိတ်ဆိုးကာ ထိုကလေးငယ်၏ဖြေရှင်းချက်များကို ပိတ်ပင်ကာ ဆိုင်ထဲမှထွက်လာခဲ့သည် ။
ဆောက်တည်ရာမဲ့နေသော အချိန်တွင်မနည်းကိုအိမ်ရောက်အောင်ပြန်ခဲ့ရသည် ။ အိမ်ရောက်တော့ Nora Eonnie ကမေးသမျှ ပြန်မဖြေနိုင်ဘဲ အိပ်ရာထဲလှဲကာ ရှိုက်ကြီးတငင်ငိုနေမိသည် ။
YOU ARE READING
For Chaeyoung 🖤 Completed
Romance" Chaeyoung ရယ် မင်းကိုနာကျင်စေခဲ့မိတဲ့အတွက် တို့တကယ်တောင်းပန်ပါတယ် ။ ဒါပေမယ့်လေ မင်းအတွက် တို့အမြဲရေးပေးခဲ့တဲ့ For Chaeyoung 🖤 ဆိုတာလေးက အဓိပ္ပါယ်ရှိပါတယ် ။ တို့ကအမြဲ Chaeyoung အတွက်ပါ ဆိုတဲ့ အဓိပ္ပါယ်ပါ ကလေးရယ် .... " - Jennie Kim " Chaeng က Jen...