Part 2

2.2K 160 1
                                    

(Unicode)

" မင်းနာမည်က Park Chaeyoung နော် "

" ဟုတ်ပါတယ် "

" အသက်က ?"

" ၁၈ ပါ "

" ငယ်သေးတာ‌ပဲ မင်းဒီအလုပ်နဲ့အဆင်ပြေပါ့မလား ?"

" ပြေပါတယ် "

" မင်း ဒီအလုပ်အတွက် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိလို့လား Park Chaeyoung ?"

" ဟုတ်ကဲ့ ရှိပါတယ် "

" မင်းတစ်ခါမှ မလုပ်ဖူးဘူးမလား ?"

" ဟုတ်ကဲ့ ဒါပထမဆုံး အတွေ့အကြုံပါ "

" သတင်းထောက် အလုပ်ကို မင်းတကယ်ဝါသနာပါလို့လား ?"

တက်သစ်စ ရုပ်ရှင်မင်းသမီး Jennie Kim နှင့်အနီးကပ် တွေ့ဆုံနိုင်ရန် Chaeyoung စဉ်းစားမိသည်မှာ သတင်းထောက်အလုပ် ။ ဝါသနာမဟုတ်သော Jennie ကြောင့်ဖြစ်တည်လာသည့် သဘောကျခြင်းတစ်ခု ။

" အမှန်တကယ်တော့ ... "

Chaeyoung ပါးစပ်က လွှတ်ခနဲထွက်သွားတော့မည့် အမှန်တရားကို အချိန်မီတားဆီးနိုင်လိုက်သော်လည်း နောက်ဆက်တွဲမေးလာသည့် ဒိုင်လူကြီး၏မေးခွန်းကို Chaeyoung ရင်ဆိုင်လိုက်ရသည် ။

" အမှန်တော့ ဘာဖြစ်လဲ ?"

" အမှန်တော့ ဒါဟာ မိဘတွေအားမပေးခဲ့တဲ့ ကျွန်မရဲ့ဝါသနာပါ ကျွန်မဟာ Australia မှာကြီးပြင်းခဲ့ပြီး အသက် ဆယ်နှစ်လောက်မှာ Korea ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် ။ ကျွန်မတစ်ယောက်တည်း ကျောင်းတက်ရင်း ရပ်တည်နေဝာာဖြစ်လို့ ဒီအလုပ်ကို ပိုက်ဆံရဖို့ရော ဝါသနာအရရော လာလျှောက်ရတာပါ "

" ကောင်းပြီ မင်း ပြန်လို့ရပါပြီ Park Chaeyoung မကြာခင်ငါတို့ဆက်သွယ်လိုက်ပါ့မယ် "

" ဟုတ်ကဲ့ ဒါဆိုကျွန်မကို ပြန်ခွင့်ပြုပါဦး "

Interview ခန်းထဲက ထွက်လာမှ Chaeyoung သက်ပြင်းချမိသည် ။ သူမဘဝတွင် ပထမဆုံးသောအလိမ်အညာကို Jennie Kim အတွက်ပြုလုပ်ခဲ့သည် ။ သို့သော် ထိုအလိမ်အညာအတွက် သူမလုံးဝ နောင်တမရ ။

Chaeyoung သည် Korea တွင်ကျောင်းလာတက်နေသော အသက် ၁၈ အရွယ် တက္ကသိုလ်တက်ခါစကျောင်းသူဖြစ်သည် ။ မိဘတွေက အတန်အသင့်ချမ်းသာပြီး အသက် ၁၅ နှစ်ကတည်းက Korea ကိုကျောင်းလာတက်ခဲ့သည် ။ အဒေါ်နှင့်တူတူ နေထိုင်ရင်းပူပန်စရာမရှိကျောင်းတက်ခဲ့သည် ။

For Chaeyoung 🖤 CompletedWhere stories live. Discover now