Part 6

1.7K 153 10
                                    

(Unicode)

Chaeyoung ဆိုင်ကိုရှင်းလင်းနေရာမှ မြင်လိုက်ရသော ကိုယ်ဟန်လေးက သူမနှင့်ရင်းနှီးနေသည် ။ နောက်ကျောကနေကြည့်‌ရင်တောင် Chaeyoung မှတ်မိသည့် Jennie ။ Jennie ၏ ဘေးတွင်ထိုင်နေသော အမ Nora ၏မျက်နှာတစ်ခြမ်းကိုမြင်လိုက်ရမှ ပိုသေချာသွားသည် ။

မမြင်ချင်ယောင်ဆောင်ကာ အလုပ်လုပ်နေသော်လည်း အတိတ်တွင်ကျန်ခဲ့သော ပုံရိပ်များက အငြိမ်မနေ ။

၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်၏ သတင်းထောက်ပုံရိပ်များက သူမ၏မြင်ကွင်းတွင် တရိပ်ရိပ် ...။

Phone တွင် Interview အောင်သည့်အကြောင်းကို တွေ့လိုက်ရသောအခါ Chaeyoung၏ခန္ဓာကိုယ်သည် မှို့တစ်စလို ပေါ့ပါးစွာ ခုန်ပေါက်နေမိသည် ။ Jennie နောက်ကို လိုက်ခွင့်ရတော့မည့်အရေးသည် အတွေးလေးနှင့်ပင် သူမကိုပျော်ရွှင်စေခဲ့သည် ။

ကံကြမ္မာစေရာကြောင့်ပေလားမသိ ။ သူမအလုပ်စဝင်သည့်ရက်တွင် Jennie ဇာတ်ကား Promotionရှိလေသည် ။ Chaeyoung ဘဝတွင် ထီဆုကြီးပေါက်သည့်နှယ် ။

အနက်ရောင် ဘောင်းဘီရှည်နှင့် မီးခိုးရောင် Hoodie ကိုဝတ်ဆင်ကာ Mask ပါတပ်ကာ တက်ကြွသောခြေလှမ်းအစုံတို့က Jennie ရှိရာသို့ ....။

အမြဲဓာတ်ပုံထဲမှာသာ တွေ့ရတတ်သော အမ သည် ယခု အပြင်တွေ အသက်ရှုဖို့မေ့သွားလောက်သည်ထိ လှသည် ။ အသားအရည်တို့က မထိရက်စရာ နို့ခဲလေးကဲ့သို့ ဖြူဖွေးကြည်လင်နေသည် ။ ရယ်လိုက်လျှင် မို့သွားသော ပါးလေးနှစ်ဖက်က Chaeyoung ကိုပြုစားနိုင်စွမ်းသည် ။

Jennie ၏ လှုပ်ရှားမှုအားလုံးသည် တဖျတ်ဖျတ်လက်နေသော ကင်မရာမီးများနှင့်အတူ Chaeyoung၏ကင်မရာထဲတွင် နေရာယူနေသည် ။ သူမနှုတ်ကထွက်လာသော စကားလုံးတိုင်းဟာလည်း Recording ထဲတွင် စမ်းရေစီးဆင်းသလို တငြိမ့်ငြိမ့်တိုးဝင်နေသည် ။

တခြားသတင်းထောက်တွေ အလုအယက်မေးနေချိန်တွင် Chaeyoung ကတော့ Jen၏ အပြုအမူများကြားတွင် နစ်မြောကာ အရာအားလုံးကိုမေ့လျော့နေခဲ့တော့သည် ။

" ဟို မီးခိုးရောင် Hoodie နဲ့တစ်ယောက် "

Jen ၏အသံချိုချိုလေးနောက်တွင် အားလုံး၏မျက်လုံးများက Chaeyoung ထံသို့ ။ Chaeyoung က အံ့ဩဟန်ဖြင့် သူမရှိရာကိုကြည့်လိုက်တော့

For Chaeyoung 🖤 CompletedWhere stories live. Discover now